Preview

မန္တလေး PDF က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလ၇ (၁၄၈) တပ်ရင်းအပါအဝင် စခန်း ၈ ခုကို သိမ်းပိုက်

သြဂုတ် ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1124
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဩဂုတ် ၁၀/၂၀၂၄

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလ၇ (၁၄၈) အပါအဝင်စခန်း (၈) ခုကို သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDFကဩဂုတ်လ(၁၀)ရက်ကသတင်းထုတ်ပြန်သည်။

မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်ရှိစစ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေရာ ခလ၇(၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး နောက်  သပိတ်ကျင်းမြို့နယ်အတွင်း စခန်း ၈ ခုထိ သိမ်းပိုက်ထားပြီဟုဆိုသည်။

ထုတ်ပြန်ချက်အထဲတွင် “ သပိတ်ကျင်းမြို့နယ်အတွင်းရှိတပ်စခန်း(၃)ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့သဖြင့် စုစုပေါင်းတပ်စခန်း(၈)ခုကိုသိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသောစစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း၊  သပိတ်ကျင်းမြို့နယ်ရှိခလ၇ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပါကြောင်း” ဖော်ပြထားသည်။ 


တပ်စခန်းစုစုပေါင်း(၈)ခု သိမ်းပိုက်ရရှိထားပြီးနောက်  လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ၇မိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သပိတ်ကျင်းမြို့သည် မန္တလေး PDF တို့သိမ်းပိုက်ထားသည့်စဉ့်ကူမြို့ မြောက်ဘက်မိုင် ၃၀ အကွာတွင် တည်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည်စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ၂၀၂၄ခုနှစ် ဇူလိုင်(၁ရ)ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ ( Photo- မန္တလေး PDF နှင့် မြေပုံ- Myanmar Now)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.