- Web Master
- ၀၄ ဖေဖော်ဝါရီ ၂၀၂၄
နိရဉ္စရာ၊ ဩဂုတ် ၁၁/၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရွှေ ၂၉ kg (ကီလိုဂရမ်)နှင့် ကော့စ်ဘဇားခရိုင်၊ တက်ကနက် နယ်စပ်တွင် ဩဂုတ် ၁၁ ရက်နေ့က ဖမ်းမိသည်ဟု ဘင်္ဂလားဒေ့ရှ် ဒေသအတွင်းက မီဒီယာများတွင် ရေးသားဖော်ပြသည်။
၎င်းတို့သည် မောင်တောမြို့၊ ရွှေဇားရပ်ကွက်မှဖြစ်ပြီး နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ ဝင်ရောက်လာစဉ် မသင်္ကာ၍ စစ်ဆေးရာမှ ဘင်္ဂလာတာကာငွေ တန်ဖိုး (၂၈ ကုဋေ ၇၅ သိန်း) တန်ဖိုးရှိ ရွှေထည်အမျိုးမျိုး အလေးချိန် (၂၉ ကီလို)နှင့် အတူ ဖမ်းမိသည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းပြင် သူတို့ နှစ်ဦးလက်ထဲမှ ဘင်္ဂလာတာကာငွေ ၂၆၀၁၀ ကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။
ကော့စ်ဘဇားနယူး၏ သတင်းဖော်ပြချက်တွင် ဖမ်းဆီးခံရသူများမှာ အီယာဟီယာ (၄၅) နှစ်နှင့် အဏ္ဍဝါဆဒတ် (၄၀) နှစ်ဟု ဖော်ပြသည်။
၎င်းတို့အား ပွဲစားများနှင့် အတူ ကျေးရွာတစ်ခုတွင် ရှိနေစဉ် တက်ကနက် အခြေစိုက် အမှတ် (၂) BGB တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မောင်တောမြို့နယ် သတင်းအရ ရွှေ ၂၉ ကီလိုနှင့် အတူဖမ်းဆီးခံရသူမှာ မောင်တောမြို့ စိန်သုံးလုံး ရွှေဆိုင်ပိုင်ရှင်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ ၂ ဦးသည် မောင်တောမြို့တွင် ဖြစ်ပွားနေသည့်
တိုက်ပွဲကြားကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှောင်တိမ်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု
သိရသည်။(ဓာတ်ပုံ- ကော့စ်ဘဇားနယူးစ်)