ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဆိုးရွာသည့်ရာသီဥတုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ၏ စက်လှေတိမ်းမှောက်ပြီး သေဆုံးသူ ၃၁ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ဂျွန်နသန်၊ နိရဉ္စရာ၊  ဩဂုတ် ၁၁/ ၂၀၂၄

မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသူများကို  တင်ဆောင်လာသည့် စက်လှေနှစ်စင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားစဉ်ရာသီဥတုဆိုးရွားမှုကြောင့် နတ်မြစ်အတွင်း တိမ်းမှောက်ခဲ့ရာ သေဆုံးသူ (၃၁)ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရထားပြီး ဖြစ်ကြောင်းThe Daily Sun သတင်းက ဖော်ပြချက်အရသိရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမျိုးသမီး ၁၃ ဦး၊ ကလေး ၁၅ ဦး၊ အမျိုးသား ၃ ဦး အပါအဝင် သေဆုံးသူ ၃၁ ဦးတို့၏ ရုပ်အလောင်းများကို ဒေသခံ ပြည်သူများက ဆယ်ယူရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ(၆) ရက်ကရုပ်အလောင်း (၁၄)လောင်းနှင့် သြဂုတ်လ(၇)တွင် (၁၇) လောင်း ဆယ်ယူ ရရှိခဲ့သည်ဟု The Daily Sun ဆိုသည်။

ဆိုးရွားသော ရာသီဥတုကြောင့် အဆိုပါစက်လှေများ တိမ်းမှောက်ခဲ့ရခြင်းဖြစ်ပြီး ရုပ်အလောင်းများကို တက်ကနက် ဒေသရှိ နတ်မြစ်ကမ်းနှင့် ပင်လယ်ကမ်းခြေတို့မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း တက်ကနက်မြို့နယ် အုပ်ချုပ်ရေး အရာရှိ(UNO) အရာရှိ Md Adnan Chowdhury က ပြောကြားသည်။

ရုပ် အလောင်းများကို ဒေသ ဆိုင်ရာ ကိုယ်စားလှယ်များမှတစ်ဆင့် သင်္ဂြိုလ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၄င်းတို့သည် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများဖြစ်ကြပြီး ညဉ့်နက်ပိုင်းက နတ်မြစ်နှင့် Tibwati ဒေသ တို့ကို ဖြတ် ကျော် ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေနှစ်စီး ဖြင့် သီးခြားဆီ ၀င်ရောက်ရန် ကြိုးပမ်းရာမှ စက်လှေတိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားချက်အရသိရသည်။

တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့် ရက်များအတွင်းက မြန်မာမှ ရိုဟင်ဂျာအများအပြား သည် တက်ကနက် နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စိမ့်ဝင်လာကြသည်ဟု အမည်မဖော်လိုသည့် ဒေသခံပြည်သူ့ကိုယ်စားလှယ်အချို့က ပြောဆိုသည်။

၎င်းတို့သည် ဒုက္ခသည် စခန်းများသို့ နေရာမျိုးစုံမှ ဝင်ရောက်လာခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB တပ်ဖွဲ့ဝင်များက ၎င်းတို့ထဲမှ အချို့ကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ အရ တက်ကနက် ၊ Shahparrdwip၊ Baharchhara၊ စိန့်မာတင်နှင့် ကမ်းရိုးတန်းဒေသများတွင် ကင်းလှည့်မှုများကို ပိုမို လုပ်ဆောင်လျက် ရှိသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB သည် ပင်လယ်ပြင်အတွင်း ပုံမှန်ကင်းလှည့်ခြင်းကို ဆောင်ရွက်လျက် ရှိကြောင်းနောက်ထပ် လူအင်အား၊စက်အင်အား များတိုးချဲ့ပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။ Source and photo /Daily Sun

ဆက်စပ် သတင်းများ