Preview

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် အချက်(၁၅) ချက်

သြဂုတ် ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :7060
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဩဂုတ် ၁၅/၂၀၂၄

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ( H.E. Mr Wang Yi) မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  သြဂုတ် ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် အောက်ပါ အချက်(၁၅) ချက်ကို အလေးပေးပြောကြားခဲ့သည်။

၎င်းတို့မှာ ……….

(၁) မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစုဝင်ရောက် စွက်ဖက်ခြင်းကိုဆန့်ကျင်သည်။

(၂)တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့်တရုတ်နိုင်ငံအား အိုးမဲသုတ် အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်သည်။ 

(၃) ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာအကောင်အထည် ဖော်ဆောင်ကာရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကိုရှာ၇မည်။

(၄) ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်မတည်မငြိမ် ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်းကို တရုတ်မလိုလား။

(၅)  မြန်မာနိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံပြည်သူ တစ်ရပ်လုံးကိုမျက်နှာမူသည်။

(၆) ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ခြင်းမူကို ခိုင်မာစွာ လက်ကိုင်ထားသည်။

(ရ) မြန်မာ့နိုင်ငံရေး အစဉ်အလာနှင့် မြန်မာဘက်ကမိမိနိုင်ငံ၏အခြေအနေအရ ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လေးစားသည်။

(၈) တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်း ဖြစ်တည်မှုနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာထောက်ခံသည်။

(၉) ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံက အားထား ဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံသည်။

(၁၀)  ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အောက်မှ ရှေ့လုပ်ငန်းစဉ်သစ်(၅) ရပ်ကို တွန်းအားပေး ဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံသည်။

(၁၁) တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကိုနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုသည်။

(၁၂) ရပ်ဝန်းနှင့်ပိုးလမ်းမအပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများအတူ တည်ဆောက်ရေး ဖော်ဆောင်မှုကို အရှိန်မြှင့်မည်။

(၁၃) တရုတ်-မြန်မာရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်မည်။

(၁၄) မြန်မာနိုင်ငံ၏ ပြည်သူ့နေထိုင်မှုဘ၀ကိုကောင်းမွန်အောင် ဆောင်ရွက်မည်။

(၁၅) တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး လက်တွေ့အကျိုးရလဒ်များပိုမို ရရှိရေး တွန်းအားပေး ဆောင်ရွက်ရန် ဆန္ဒရှိသည်။

 

(ဆင်ဟွာသတင်းမှ ကောက်နှုတ်ဖော်ပြသည်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.