စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA က ရန်ကုန်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တဲ့ အနေအထားရှိနေသလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 13.3k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၁၉ / ၂၀၂၄

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖော်ဆောင်နေသည့် AA အဖွဲ့သည် သံတွဲမြို့နယ် နှင့် ထိစပ်နေသည့် ဂွမြို့နယ် ကျိန္တလီမြို့ကို သြဂုတ် ၁၄ ရက်က သိမ်းယူထားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုအရသိရပြီး ၎င်းတို့အနေဖြင့် ဂွမြို့ကိုဆက်လက် တိုက်ခိုက်ကာ ယင်းမှတစ်ဆင့် ဧရာဝတီတိုင်း ရှိမြို့နယ်အချို့နှင့် ကမ်းခြေဒေသများကို စိမ့်ဝင်ထိုးဖောက်တိုက်ခိုက်၍ ရန်ကုန်ကို ဖိအားပေး စစ်ဘောင်ချဲ့ရန် ပြင်ဆင်လာသည့် အခြေအနေဖြစ်လာနေကြောင်း သြဂုတ် ၁၇ ရက်နေ့တွင် ပြည်တွင်း၌ အခြေစိုက်နေသော Eleven Media Group ကရေးသားထားသည်။

ယခုကဲ့သို့ ပြည်တွင်း အခြေစိုက် မီဒီယာတစ်ခုက ရေးသားမှုနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးသန်းစိုးနိုင်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်ပြီး သူ့အမြင်မေးမြန်းရာ သူက ယခုလို ပြောသည်။

“ ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ယူဆပါတယ်။ ဘာဖြစ်လို့လဲဆို အာရက္ခတပ်တော်နဲ့ ညီနောင် သုံးဖွဲ့ရဲ့ ကြေညာချက်မှာပါဝင်ပြီးသားလေ။ ဒီနွေဦးတော်လှန်ရေးမှာ ဆုံးခန်းတိုင်အောင် ချီတက်မယ်။ နေပြည်တော်ကို သိမ်းတဲ့အထဲ ပါဝင်မယ်ဆိုတာ သူတို့ကကြေညာပြီးသားလေ။ နောက်တစ်ခုက တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုကိုလည်းသူတို့က ရှောင်ရှားနိုင်တဲ့ အနေအထားရှိတာပေါ့။ ရခိုင်ဆိုတော့ တရုတ်နဲ့လှမ်းတယ်။ အဲဒီအခြေအနေအောက်မှာ သူတို့ရဲ့ ရက္ခိတလမ်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် နွေးဦးတော်လှန်ရေးမှာဆက်လက်ပါဝင်သွားမယ်လို့ယူဆပါတယ်။ ”

ရခိုင်ပြည်နယ် နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး ငသိုင်းချောင်း၊ သာပေါင်းနှင့် ကမ်းခြေဒေသ များသို့ ဆက်လက်တိုက်ခိုက်လာဖွယ်ရှိပြီး စိမ့်ဝင်ဝင်ရောက်မှုများလည်း ရှိနေနိုင်သဖြင့် လုံခြုံရေး စစ်ဆေးမှုများ တင်းကျပ်ရန်လိုအပ် ကြောင်း စစ်ကောင်စီနှင့်နီးစပ်သော ရှန်နယ်များတွင် သတိပေး ရေးသားမှုများလည်းရှိနေကြောင်းသိရသည်။

ဦးသန်းစိုးနိုင်က“ အာရက္ခတပ်တော်က ဒီနေ့အထိဆိုရင် ဂွအထိတောင်ရောက်နေပါပြီ။ ရခိုင်ပြည်နယ် တစ်ခုလုံးသိမ်းပိုက်ရေးက နည်းနည်းဘဲ ရှိတော့တာပါ။ အဲဒီလိုအခြေအနေမှာဂွမြို့ သိမ်းပြီးရင်တော့ မြစ်ဝကျွန်းပေါ်ဆင်းလိမ့်မယ်။ ဒါကြောင့်မို့လို့ နွေဦးတော်လှန်ရေးထဲမှာပါဝင်ပြီး နေပြည်တော်အထိ တိုက်မယ့် ဆုံးဖြတ်ချက်က ကျွန်တော်တို့ကယုံကြည်ပါတယ်”ဟု ပြောသည်။



AA အဖွဲ့အနေဖြင့် ဂွမြို့ကို သိမ်းပိုက် ရရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း မြေပြင်သတင်းများ အရ ဂွမြို့အား AA အဖွဲ့က ထိန်းချုပ်ရန် လုပ်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်ဖွယ် ရှိကာ တပ်မတော်အနေဖြင့် ကျိန္တလီမြို့ပြင်ရှိ ကျိန္တလီ-ဂွ သွား ကားလမ်းပေါ်တွင်ရှိသော ရတနာမြိုင်တံတားတွင် ခံစစ်ပြင်တပ်စွဲထား ကြောင်း စစ်ရေးအခြ အနေအပေါ် စောင့် ကြည့်သိရှိသည့် ရခိုင်ဒေသခံအချို့၏ပြော ကြားချက်အရ သိရသည်ဟု Eleven Media Group ကဆိုသည်။


တောင်ကုတ်၊ ကျောက်ဖြူနှင့် အမ်း ဧရိယာများတွင်လည်း AA အဖွဲ့များ ရောက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်း မြို့များကို သိမ်းယူထားခြင်းမရှိသေးသော် လည်း ယင်းဒေသများတွင် အချိန်မရွေး တိုက် ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေရှိ နေကြောင်းလည်း သိရသည်ဟု  သို့ရာတွင် AA အဖွဲ့အနေဖြင့် တရုတ် နိုင်ငံ၏ အရေးပါသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းရှိသည့် ကျောက်ဖြူမြို့ တွင်လည်း တိုက်ပွဲဖော်ဆောင်မှုကို သတိ ထားလုပ်ဆောင်နေသည့် အခြေအနေမျိုး တွေ့မြင်ရသည်ဟု ၎င်းက သတင်းဌာနက ဆက်လက် ရေးသားထားသည်။

 

ထို့ပြင် AA အနေဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်၏ အဓိက စစ်ဌာနချုပ်ဖြစ်သည့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ အမ်းနှင့် မကွေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် အမ်း-မင်းဘူး ကားလမ်းတွင် ဖြတ်တောက် ထိန်းချုပ်မှုများ ပြုလုပ်ထားသဖြင့် ယင်းလမ်း ပိုင်းတွင်လည်း မကြာခဏ AA နှင့် စစ်ကောင်စီ စစ်ကြောင်းများ ထိတွေ့တိုက်ပွဲများ ရှိနေသည်ဟု ရေးသားထားသည်။

 

AA သည် မကွေးတိုင်းဒေသကြီး ငဖဲမြို့ဧရိယာအထိ တိုက်ပွဲများဖော်ဆောင် လျက်ရှိကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး ဧရိယာအတွင်း ၎င်းတို့ လှုပ်ရှား သွားလာမှုပြုလုပ်နေကြောင်း သိရ သည်ဟုလည်း Eleven Media Group ကရေးသားထားသည်။

 

ဓာတ်ပုံ-CNI

ဆက်စပ် သတင်းများ