နိရဉ္စရာ၊ ဩဂုတ်လ၂၆/၂၀၂၄
မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့အား ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့များက ဩဂုတ်လ(၂၅) ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသ သတင်းထုတ်ပြန်သည်။
ဖမ်းဆီးသည့် စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီးမှာ စိုးမင်းသူ ဖြစ်ကြောင်း ဖော်ပြသည်။
၎င်းပြင် လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး(၃၆) လုံး၊ Jammer (၃)လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့သိမ်းဆည်း၇မိသည်ဟု ဆိုသည်။
သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီ သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပျူစောထီးပူးပေါင်းအင်အား (၁၃၀) ခန့်အား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။
ပါဝင်သည့် ပြည်သူ့တော်လှန်ရေး အင်အားစုများမှာပြင်ဦးလွင်ခရိုင်တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်သည်။
သပိတ်ကျင်းမြို့အားဩဂုတ်လ (၁ရ) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ (၁၉) ရက်နေ့တွင်မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း စစ်ကောင်စီအဖွဲ့ဝင်များမြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေစဉ်စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး (၇၀) ကျော် ကြဲချတိုက်ခိုက်ပြီး Y-12 ဖြင့်ဗုံးသီး (၁၅၀) ကျော် ကြဲချတိုက်ခိုက်၍ Mi-35 (၂) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မိမိတို့ဘက်မှရဲဘော် (၄) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့၇သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။