အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ရေးအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းတရုတ်ကပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 836

ဂျွန်နသန်၊ နိရဉ္စရာ၊  ဩဂုတ် ၃၁/၂၀၂၄

မြန်မာနိုင်ငံမြောက်ပိုင်းစစ်ရေး အခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကပြောကြားလိုက်သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း(စစ်ရေး) အခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်ဟု တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ AFP သတင်းဌာန သတင်းထောက် က တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးတယ်လို့ မြန်မာမီဒီယာအချို့မှာ သတင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိကို အတည်ပြုပေးနိုင်ပါသလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေဘယ်လိုရှိပါသလဲ” ဆိုသည့် မေးမြန်းမှုအပေါ်၄င်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ လှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း(စစ်ရေး) အခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ် ဟု ၄င်းကပြောဆိုသွားခဲ့သည်။ Source/Chinese Embassy

ဆက်စပ် သတင်းများ