အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 715

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၂ /၂၀၂၄

စစ်ကောင်စီ၏ လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက် ရခိုင်လူမျိုးများအပါအဝင် မြန်မာပြည်သူများက ဆန္ဒပြခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ မြို့တော်ခန်းမ ရှေ့တွင် သြဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆန္ဒ​ပြပွဲကို Free Burma Action Committee-Northern California က ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ရခိုင်အပါအဝင် အမေရိကန်ရောက် မြန်မာပြည်သူတို့က စုပေါင်းပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။



ဆန္ဒပြပွဲတွင် စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရန်၊ အထွေထွေအကျပ်အတည်းများကို လူထုအားဖြင့် အုံကြွ ဖောက်ထွက်ရန်၊ တရုတ်နိုင်ငံ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက တအာင်းတပ်မတော် (TNLA)ထံ ပေးပို့သော ခြိမ်းခြောက်စာနှင့်ပတ်သက်၍ နွေဦးတော်လှန်ရေး အင်အားစုများက တရုတ်ကွန်မြူနစ်အစိုးရ၏ အချုပ်အခြာအာဏာပိုင် နိုင်ငံအပေါ် မိုက်ရိုင်းစော်ကားသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြရန် ထည့်သွင်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးအတွက် စက်တင်ဘာလအတွင်း ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုများ၊ လှုံ့ဆော်တောင်းဆိုမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်ဟု သိရသည်။



ဓာတ်ပုံ - Free Burma Action Committe

ဆက်စပ် သတင်းများ