အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြန်မာစစ်အစိုးရ၏အတင်းအကြပ် စစ်မှုထမ်းခြင်း၊ အသက်ကန့်သတ်ချက်ကိုတိုးချဲ့ခြင်း အပေါ် FORUM-ASIA မှ ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 574

(အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရန် တောင်းဆို)

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၄/၂၀၂၄

မြန်မာစစ်အစိုးရသည် ၎င်း၏အတင်းအကြပ် စစ်မှုထမ်းခြင်းမူဝါဒ၏ အသက်ကန့်သတ်ချက်ကို တိုးချဲ့ ရန် မကြာသေးမီက ဆုံးဖြတ်ခဲ့မှုအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းအား မြန်မာ နိုင်ငံသားများနှင့် အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြရန် FORUM-ASIA မှ တောင်းဆိုလိုက်သည်။

FORUM-ASIA မှသြဂုတ်(၄)ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ထိုသို့ အတင်းအကြပ် စစ်မှု ထမ်းခြင်း၊ အသက်ကန့်သတ်ချက်ထပ်မံတိုးမြှင့်လိုက်ခြင်းသည် ပိုမိုကြီးထွားလာနေသော ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုများကို ရင်ဆိုင်ကြုံတွေ့ နေရသည့် စစ်အစိုးရအနေဖြင့် ၄င်း၏ အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်မှုတစ်ခု အဖြစ် ရှုမြင်သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရ ၏ အတင်းအဓမ္မ စစ်မှုထမ်းခြင်းဥပေဒ ၊ ပြန်ပေးဆွဲမှု၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနှင့် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရန်လည်း FORUM-ASIA မှ တောင်းဆိုခဲ့သည်။

၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ လူထုပူးပေါင်းပါဝင်သည့် လုံခြုံရေးမူဝါဒအသစ်(ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခြင်း) ကို ကြေညာခဲ့သည်။

အသက် ၃၅နှစ် မှ ၆၀နှစ် အတွင်း ရှိ အမျိုးသားများကို လုံခြုံရေး အစောင့်များအဖြစ် တာ၀န် ထမ်းဆောင် စေ ပြီး ၎င်းတို့အား ပဋိပက္ခဖြစ်ပွားရာ ရှေ့တန်း နေရာတွင်တာ၀န်ချထားပေးနိုင်သည်။

(အမှန်မှာအသက် ၃၅နှစ် မှ ၆၅နှစ် အတွင်းဖြစ်သည်) ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် အုပ်ချုပ်ရေး အဆင့် အသီးသီးရှိ “ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်မှု ဆန့်ကျင်ရေး” အဖွဲ့များကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးခဲ့သည်။

“မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို FORUM-ASIA က တိုက်တွန်းလိုက်ပါတယ်။ ပိတ်ဆို့အရေးယူမှုများနဲ့ အခြားသော ပြစ်ဒဏ်ခတ်မှုများမှတစ်ဆင့် စစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများအားလုံးကို စစ်အစိုးရက တာဝန်ယူသင့်တယ်” ဟု FORUM-ASIA ၏ အမှုဆောင် ဒါရိုက်တာ Mary Aileen Diez-Bacalso က ပြောကြားခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရကို အထီးကျန်ရေး အရေးတကြီးလုပ်ဆောင် ရပါမယ်။ တရားမျှတမှုနဲ့လွတ်လပ်မှုရရှိရေး ကြိုးပမ်းရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက အားပေး ထောက်ခံရပါမယ် " ဟု Bacalso ထပ်လောင်းပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှဖိုရမ် (FORUM-ASIA) သည် အဓိကအားဖြင့် အာရှရှိ နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ ၊ အဖွဲ့အစည်းပေါင်း (၈၅) ခု ပါ၀င်ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်သည်။

ဖိုရမ်-အာရှ အတွင်းရေးမှူးချုပ်ရုံးသည် ဘန်ကောက်တွင် အခြေစိုက်ပြီး ဂျကာတာ ၊ ဂျနီဗာနှင့် ခတ္တမန္ဒူ တို့တွင် ရုံးခွဲများ တည်ရှိသည်။ Source/FORUM-ASIA

ဆက်စပ် သတင်းများ