Preview

ရခိုင်ရိုးမ အရှေ့ခြမ်းတွင် ချင်းကာကွယ်ရေးတပ် -အရှို၏ အပတ်စဥ် (၅)စစ်သင်တန်းဆင်းပွဲပြုလုပ်

စက်တင်ဘာ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :529
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၄

ရခိုင်ရိုးမ အရှေ့ခြမ်းတွင် လှုပ်ရှားနေသည့် ချင်းကာကွယ်ရေးတပ် -အရှို(CDF-Asho)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်- အရှိုနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA - Magway)တို့ ပူပေါင်းဖွင့်လှစ်သော အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကိုCDF - Asho နောက်တန်းဌာနချုပ်၌စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိ၇သည်။

"သင်တန်းကာလ(၃)လကျော်ကြာမြင့်ခဲ့ပြီး အခက်အခဲများကြားထဲမှ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သော သင်တန်းသူ/ သားများနှင့်သင်တန်းဆင်းပွဲကာလအထိ ကြိုးစား အားစိုက်ခဲ့ကြသည့် သင်တန်းဆရာ/မ များ၊ လုံခြုံရေးရဲဘော်/စစ်မေများအားလုံးအား လေးစားဂုဏ်ပြုအပ်သည်"ဟုလည်း ရေးသားထားသည်။

CDF - Asho သည်မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီမြစ်အနောက်ခြမ်းရှိ မကွေး - ရခိုင်အစပ်၊ငဖဲမြို့နယ်တွင် စစ်ရေးလှုပ်ရှားလျက်ရှိသည့်အဖွဲ့ဖြစ်သည်။



ပြီးခဲ့သည့်ဩဂုတ်လ ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲခန့်ကလည်း မကွေးတိုင်း၊ငဖဲမြို့နယ်ရှိ မင်းဘူး- အမ်းကားလမ်းမပေါ်ရှိတုံးကြီးကျေးရွာအနီး လက်ဖက်ခြံစခန်းကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည်လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည်ထွက်လာစဉ် CDF - Asho အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF- Asho ကထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်က၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူအချို့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ယင်းတိုက်ပွဲအတွင်းစစ်ကောင်စီထံမှ MA3 အမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု ဆိုထားသည်။

ဓာတ်ပုံ- CDF(Asho)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.