ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၄
ထောင်နှင့်ချီသည့်ဒုက္ခသည်များ မြန်မာနိုင်ငံမှထွက်ပြေးလာသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်လုံခြုံရေးကိုတိုးမြှင့်ချထားကြောင်း The Hindu သတင်းဖော်ပြချက်အရသိ၇သည်။
မြန်မာနိုင်ငံအနောက်ဘက်၊ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ လွတ်မြောက်ရန် အတွက်မကြာသေးမီ လများအတွင်းက အနည်းဆုံး ရိုဟင်ဂျာမွတ်စလင် ၁၈,၀၀၀ကျော်သည် နယ်စပ် ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဝင်ရောက်လာခဲ့သည်ဟု အဆိုပါ သတင်းက ဖော်ပြသည်။
သို့အတွက် မြန်မာနှင့် နယ်စပ်တွင် လုံခြုံရေးကိုတိုးမြှင့်ချထားကြောင်း ဘင်္ဂလာအစိုးရ တာဝန်ရှိသူများက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။
ဗုဒ္ဓဘာသာဝင်အများစုအား လူသစ်စုဆောင်းထားသည့်အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် အာရက္ခတပ်တော် (AA)နှင့် မြန်မာ စစ်အစိုးရ တို့အကြားတိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံမှဒုက္ခသည်များ သည် နယ်စပ် ဖြတ်ကျော်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက် လာကြခြင်းဖြစ်ကြောင်းစက်တင်ဘာ (၁၁)ရက် တွင်The Hindu ကသတင်းဖော်ပြသည်။
“ရိုဟင်ဂျာတွေထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးလာကြတယ်။ နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာဖို့စောင့်ဆိုင်းနေကြသူ တွေကလည်းအများကြီးပဲ။ အခြေအနေကတော့ အတော်လေးဆိုးပါ တယ်” ဟု အမည်မဖော်လိုသူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
“နယ်စပ်မှာသတိထားစောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်ပေမယ့် ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်)ထိစပ်နေတဲ့ မြန်မာနယ်စပ်ကို စောင့်ကြည့်၊ စီမံခန့်ခွဲရတာ၊ အထူးသဖြင့် လုံခြုံရေးပိုင်းမှာ စိန်ခေါ်မှုတွေရှိ နေပါတယ်” ၄င်းကဆက်လက်ပြောဆိုသည်။
ရိုဟင်ဂျာဒုက္ခသည်များကိုထပ်မံလက်ခံနိုင်တော့မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မကြာသေးမီ ကထုတ်ဖော်ပြောဆိုခဲ့သော်လည်း၊ ထပ်မံဝင်ရောက်လာသည့် ရိုဟင်ဂျာဒုက္ခသည်အရေအတွက်သည် ယခုလအစောပိုင်းက ခန့်မှန်းထားသည့်အရေအတွက်ထက် နှစ်ဆကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာအများအပြားသည် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ၄င်းတို့သည် နယ်စပ် ဖြတ်ကျော်ပြီးဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ဝင်ရောက် ရန် အတွက် နည်းလမ်းပေါင်းများစွာကိုရှာဖွေလျက် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မကြာသေးမီကဝင်ရောက်လာကြသည့် ဒုက္ခသည်များနှင့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသည့် ဒုက္ခသည်များကိုမှတ်ပုံတင်ပေးရန်ဘင်္ဂလားဒေ့ရှ် အစိုးရက မဆုံးဖြတ်၇သေးကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ အကြီးအကဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus ကရိုဟင်ဂျာများကို တတိယနိုင်ငံ တွင် ပြန်လည်နေရာချထားပေးရန် အမေရိကန်၊ ကနေဒါ၊ဩစတေးလျ၊ နယူးဇီလန်နှင့် အိုင်ယာလန်နိုင်ငံတို့ကို တောင်းဆိုထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောကြားခဲ့သည်။Source/The Hindu