Preview

ရမည်းသင်းမြို့နယ် ရေကြီးရေလျှံမှုအတွင်း ဒေသခံ (၁၀) ဦးသေဆုံး

စက်တင်ဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :649
ပြည်တွင်း သတင်း

 ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ စက်တင်ဘာ ၁၂ / ၂၀၂၄

မန္တလေးတိုင်း၊ ရမည်သင်းမြို့နယ် ရေကြီးရေလျှံမှုအတွင်း ဒေသခံကျေးရွာသား (၁၀) ဦး သေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ရေဘေးကြောင့်ဆည်ကြီးကျေးရွာအုပ်စုအတွင်းမှ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၃ ဦးတို့သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိမှုအနေဖြင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆည်ကြီးကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်းကံသာအေးကျေးရွာမှ ကျား(၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦး၊ဝါးဖြူတောင်ကျေးရွာ အုပ်စုအတွင်းချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစုပေါင်း (၁၀)ဦး တို့ဖြစ်ကြောင်း သိရှိ၇သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၁၅၁၁၃)စု၊ကျား(၂၃၉၉၅)ဦး၊ မ(၂၉၉ရ၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ကြောင်းထုတ်ပြန်ထားသည်။


အဆိုပါရေဘေးသင့်ပြည်သူများအား ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သီလ၀ခန်းမ၊ သာသနာ့ဗိမာန်၊ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်းစသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။

စက်တင်ဘာလ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေဝင်ရောက်မှုနှင့်မြစ်ရေမြင့်တက်မှုများကြောင့် မန္တလေးတိုင်းအတွင်းမှ ကျောက်ဆည် ၊ ပျော်ဘွယ် ၊ရမည်းသင်း ၊ ပုသိမ်ကြီးမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီးရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.