Preview

နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL)ကို လိုက်နာပြီး အရပ်သားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂက သတိပေး

စက်တင်ဘာ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :300
ပြည်တွင်း သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၂/ ၂၀၂၄

နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL)ကို လိုက်နာပြီးအရပ်သားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်သည်။

လက်နက်ကြီးများနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများအနေဖြင့် အန္တရာယ်များ ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေသည့်အတွက်ပဋိပက္ခတွင် ပါဝင်သူများအားလုံးသည် နိုင်ငံတကာလူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ကို လိုက်နာပြီးအရပ်သားများကို အကာအကွယ်ပေးရမည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ( UNOCHA )က စက်တင်ဘာ၁၂ရက် တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်းအရပ်သားများနေထိုင်ရာနေရာများတွင် မြေမြှုပ်မိုင်းများနဲ့ ပေါက်ကွဲစေတတ်သည့်စစ်လက်နက်အကြွင်းအကျန်များအပါအဝင် လက်နက်ကြီးများနှင့် လေကြောင်း တိုက်ခိုက် မှုများကြောင့်အရပ်သားများအနေဖြင့် အန္တရာယ်များ ဆက်တိုက် ရင်ဆိုင်ကြုံတွေ့ရလျက် ရှိကြောင်း ပဋိပက္ခတွင် ပါဝင်သူများအားလုံးသည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ကို International Humanitarian Law (IHL) လိုက်နာပြီးအရပ်သားများကို အကာအကွယ်ပေး၇မည်ဟု UNOCHA ၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ ကို ချိုးဖောက်မှုအားလုံးအတွက် တာဝန်ခံမှု ရှိစေရန်လည်းUNOCHA ကတောင်းဆိုထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.