- Web Master
- ၂၈ သြဂုတ် ၂၀၂၄
နိရဉ္စရာ၊ စက်တင်ဘာ ၁၃/၂၀၂၄
မြန်မာနိုင်ငံတွင် တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ကလေး ငယ် (၁၀)ဦး သေဆုံးခဲ့ရ မှုအပေါ် အလွန်ထိတ်လန့်တုန်လှုပ်မိကြောင်း UNICEF က စက်တင်ဘာ (၁၂)ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။
ကလေးငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနှင့်စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းများသည် အလွန်ဆိုးရွားလှသည့်လူ့အခွင့်ရေးချိုးဖောက်မှုများဖြစ်ကြောင်း UNICEF က ထုတ်ပြန်ခဲ့သည့် သတိပေးပြောဆိုလိုက်သည်။
ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF) ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ June Kunugi က “ တိုက်ပွဲ တွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ အခုလို ပုံစံအတိုင်း(လေကြောင်းကတိုက်ခိုက်မှုတွေ) ဆက်လက်ဖြစ်ပွားနေ မှာကို ကျွန်တော်တို့ အထူးစိုးရိမ်ပူပန်ရပါတယ်"ဟု ပြောဆိုသည်။
“မြန်မာနိုင်ငံမှာပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ဒဏ်ကို အပြင်းအထန် ခံနေရပါတယ်"ဟု June Kunugi က ဆိုသည်။
“သတင်းတွေအရ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ စက်တင်ဘာ ၅ ရက်ကနေ ၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ကလေး (၁၀)ဦးအပါအဝင် အရပ်သား (၂၄) ဦး သေဆုံးခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး(၈)ဦးထက်မနည်း ဒဏ်ရာ တွေရခဲ့ပြီး ရပ်ရွာအခြေပြု သင်ကြားရေးစင်တာလည်း ပျက်ဆီးခဲ့ရတယ်"ဟု ၄င်းကဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့်၊ ၂၀၂၄ ခုနှစ်၊ တစ်နှစ် အတွင်းမှာပင် အနည်းဆုံး ကလေး (၆၀၀) ဦးမှာ သေဆုံး/ ဒဏ်ရာများရရှိခဲ့သည်။
ကလေးများသည် ၎င်းတို့၏ ပညာသင်ကြားရာ နေရာများနှင့် ၎င်းတို့၏ ရပ်ရွာများတွင် လုံခြုံသည်ဟု ခံစားရသည့်နေရာများတွင် အသတ်ခံနေရေကြာင်း ကလေးငယ်များ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများသည် ၎င်းတို့၏ မိသားစုများအတွက် ပြင်းထန်သော ဝမ်းနည်းကြေကွဲမှုကို ဖြစ်ပေါ် စေသည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။
ကလေးငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက် ဒဏ်ရာရစေခြင်းနှင့်စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း များသည် အလွန်ဆိုးရွားလှသည့်လူ့အခွင့်ရေးချိုးဖောက်မှုများဖြစ်ကြောင်း၊ UNICEF မှ သက်ဆိုင်သူ အားလုံးကို သတိပေးထားသည်။
"ကလေးတွေနဲ့ အရပ်သားတွေကို အချိန်တိုင်း အကာအကွယ်ပေးရမယ်” ဟု ၄င်းကထပ်လောင်း ပြောဆိုခဲ့သည်။ Source/UNICEF/ ဓာတ်ပုံ- ကန္တာရဝတီတိုင်း ( မ် )