နိရဉ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၄
တစ်တိုင်းပြည်လုံး ရေကြီး၍ ဒုက္ခရောက်နေချိန်တွင် အကြမ်းဖက်စစ်ကောင်စီကရှမ်းပြည်နယ်သိန္နီခရိုင်၊ သံလွင်နယ် နမ့်ပေါင်ကို ဗုံးကြဲ၍ အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားကြောင်း MNDAA ကသတင်းထုတ်ပြန်သည်။
မြန်မာစစ်တပ်ကသိန္နီရှိ၊ နန်ဘိုင်းရွာကို စက်တင်ဘာလ (၁၃)ရက် ညရနာရီတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုတွင်တိုက်လေယာဉ်နှစ်စင်းပါဝင်ပြီး ကောင်းကင်ပေါ်၌အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီးနောက် လူများစုဝေးရာ လူနေရပ်ကွက်များ သို့ဗုံးသုံးလုံးပစ်ချခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၃ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူများ၏နေအိမ်တချို့ပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သည့် ဝန်ထမ်းများကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များဗုံးကြဲသည့်နေရာ သို့မဟုတ် အနီးတစ်ဝိုက်တွင် စစ်အခြေစိုက်စခန်းများ၊အုပ်ချုပ်မှုကော်မတီဌာနများ မရှိဟုဆိုသည်။