ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ပြီး နတ်မြစ်တစ်လျှောက်ကင်းလှည့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 741

နိရဉ္စရာ၊ စက်တင်ဘာ ၁၆/ ၂၀၂၄

ရခိုင်ဘက်မှာ ဖြစ်နေသည့် တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသဖြင့် နောက်ထပ်လူများ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်မလာနိုင်အောင် နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ပြီး နတ်မြစ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များက ကင်းလှည့်နေကြောင်း တက်ကနက်နယူးစ်တွင် သတင်းရေးသားဖော်ပြထားသည်။

ကင်းလှည့်ရာတွင် နယ်ခြားတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။

သို့သော်လည်း နယ်စပ်မှာ ရှည်လျားပြီး နတ်မြစ်အတွင်းတွင်ပင် မိုင် ၁၀၀ ကျော်ရှိသဖြင့်  နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံအောင်စောင့်ကြပ်ရန် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့များ အနေဖြင့် မလွယ်ကူနိုင်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်နယ်စပ်တစ်လျှောက်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရန်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကာရန်ထားခြင်း မရှိသဖြင့် တရားမဝင် ဝင်ရောက်လာသူများကို တားဆီးနိုင်ခြင်းမရှိဟု ပြောသည်။

လက်ရှိတွင် မြန်မာဘက်မှ မွတ်ဆလင်ဒုက္ခသည်များသည် လူပွဲစားများနှင့် ဆက်သွယ်ပြီး နတ်မြစ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်နေသည်ဟု တက်ကနက်မြို့ အခြေစိုက် နယ်ခြားစောင့် (BGB)အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး Lt. Col. Mohiuddin Ahmed က ပြောသည်။

“ကျွန်တော်တို့ လက်ရှိ လူပွဲစားတွေရဲ့ စာရင်းကို လိုက်မှတ်နေပါတယ်။ ဒီကနေ့မှာလည်း လူပွဲစား ၁၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ နယ်စပ်တစ်လျှောက်မှာလည်း လုံခြုံရေးတင်းကျပ်ပြီး အချိန်ပြည့် ကင်းလှည့်မှု ပြုလုပ်နေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံက လူတွေဟာ ရေပြင်ကရော ကုန်လမ်းကပါ ဝင်ရောက်နေတယ်လို့ဆိုပါတယ်။

ဆက်စပ် သတင်းများ