Preview
Preview
Preview

ရှမ်းပြည် သီပေါနှင့် နောင်ချိုအပါအဝင် ကချင်ပြည် ဖားကန့်တို့ကို စစ်ကောင်စီ ဗုံးကြဲ

စက်တင်ဘာ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :547
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၄

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် ရှမ်းပြည် သီပေါမြို့နှင့်နောင်ချိုမြို့အပါအဝင် ကချင်ပြည်၊ ဖားကန့်မြို့နယ်တို့ကို စစ်ကောင်စီက  ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု သိ၇သည်။

ရှမ်းပြည်ရှိသီပေါမြို့ကို စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့်ဗုံးအလုံး(၅၀)ကျော်အား စက်တင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီအတွင်းလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLAက ယင်းနေ့ညနေတွင်ထုတ်ပြန်သည်။

သီပေါမြို့၊အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့၍ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ၇သွားသည်ဟုလည်း TNLA ကထုတ်ပြန်ထားသည်။

"ရပ်ကွက်အတွင်းဗုံးများကျရောက်ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်ရှိ လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

TNLA သည် သီပေါမြို့ရှိစစ်ကောင်စီလက်ကျန် တပ်စခန်းများအနက် ခလ၇(၂၃)ကို စက်တင်ဘာ ၁၄ ရက်တွင်ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိ၇သည်။ 

စက်တင်ဘာ ၁၅ ရက်၊ည ၉ နာရီကျော်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တပ်စခန်းကပစ်ခတ်လိုက်သည့်လက်နက်ကြီးများသည် သီပေါမြို့၊ ဇတ်စုရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီးနေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့သည်ဟုလည်း TNLA ကထုတ်ပြန်ထားသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကိုလည်းစက်တင်ဘာလ ၁၄ ရက်၊ ညဥ့် ၁၂ နာရီခန့်တွင် စစ်ကောင်စီကဖျက်အားပြင်းလက်နက်ကြီးဖြစ်သည့် ပေါင် (၅၀၀)ဗုံး (၃)လုံးကို လေကြောင်းမှလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

နောင်ချိုမြို့၊တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရားကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် (၅)လုံးထိခိုက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီတပ်သည်TNLA ထိန်းချုပ်ထားသည့်မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့်နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များကိုဦးတည်ကာနေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည်ဟုလည်း TNLAက ဆိုထားသည်။

ကချင်ပြည်၊ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက်၊မွန်းလွဲ ၁၂ နာရီခွဲကျော်နှင့် နေ့လယ် ၂ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆိုင်းတောင်ကျေးရွာရှိရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီးလူအထိအခိုက်ကိုလောလောဆယ် မသိ၇သေးပါ။

စက်တင်ဘာလ ရရက်မှစတင်ခဲ့သည့် ဆိုင်းတောင်တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ဆိုင်တောင်းကျေးရွာအနီးတဝိုက်ကိုလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပါဆက်တိုက်လုပ်နေသည်ဟု သိ၇သည်။

ဓာတ်ပုံ -သီပေါမြို့အား စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့၇စဉ်။ (Photo - TNLA)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.