Preview

မန္တလေးမြို့နှင့် ၅ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားနေ

စက်တင်ဘာ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :3212
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၂/ ၂၀၂၄

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF)များနှင့် စစ်ကောင်စီတပ်တို့သည်မန္တလေးမြို့မှ (၅) မိုင်အကွာမတ္တရာမြို့နယ်အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

 

မန္တလေးမြို့ခံအမျိုးသားတစ်ဦးက “ မင်းကွန်းဖက်နဲ့ မတ္တရာမြို့ဘက်မှာအကြီးအကျယ်ဖြစ်နေတာ မြို့ထဲကပဲကြားနေရတယ်။စစ်ကောင်စီကလေကြောင်းပါပစ်ကူနေရတာ။ သုံးဆယ်ပေးရွာမှာဖြစ်နေတာ။ ပြည်သူတွေထွက်ပြေးနေရတယ်။လက်နက်ကြီးစစ်တပ်ကပစ်နေလို့အသေအပျောက်တောင်ရှိတယ်။အဲ့ဒီနေရာတွေကမန္တလေးမြို့နဲ့ငါးမိုင်လောက်ပဲဝေးတော့တာပါ” ဟုပြောသည်။

 

စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခန့်မှစတင်ကာမင်းကွန်းနှင့်မတ္တရာမြို့သုံးဆယ်ပေးရွာ၊ညောင်ကုန်းရွာတို့တွင်တိုက်ပွဲများ ဖြစ်ပွားပြီးစစ်ကောင်စီမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပြုလုပ်လျက်ရှိကြောင်း၎င်းက ပြောသည်။

 

မတ္တရာမြို့နယ်အနောက်ခြမ်းသုံးဆယ်ပေးရွာရှိပြည်သူပိုင်အိမ်များကိုစစ်ကောင်စီမှမီးရှို့ဖျက်စီးနေပြီးတံတားဦးမြို့လေယာဉ်ကွင်းမှတက်လာသောJ-fighter 1စီး ဖြင့်လေကြောင်းမှတိုက်ခိုက်မှု၆ကြိမ်ပြုလုပ်ခဲ့ကြောင်း WetletInformational Network မှစက်တင်ဘာ၂၁ရက်နေ့တွင်ထုတ်ပြန်ထားသည်။


 

စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲများပြင်းထန်နေပြီးလက်နက်ကြီးနှင့်လေကြောင်း ပစ်ကူများပါ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အသံများ ကြား၇ကြောင်း  ဒေသခံများကပြောဆိုထားကြသည်။

 

အဆိုပါသုံးဆယ်ပေးကျေးရွာတွင်ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတို့အကြားထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ဖူးပြီး PDF စစ်ကြောင်းများမန္တလေးမြို့သို့တက်လာသည်ဆိုသောသတင်းများကြောင့်စစ်ကောင်စီတပ်ကလေယာဉ်ပစ်ကူများ၊လက်နက်ကြီး ပစ်ကူများဖြင့်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိ၇သည်။

 

ထို့သို့တိုက်ပွဲနှင့်စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုများကြောင့်သုံးဆယ်ပေးရွာနှင့်အနီးတဝိုက်ကျေးရွာများမှဒေသခံများလည်းအရေးပေါ်ရှောင်တိမ်းနေရကြောင်းသိ၇သည်။

 

ထိုတိုက်ပွဲမှပစ်ခတ်သံများသည်ကျယ်လောင်စွာထွက်ပေါ်နေပြီးမန္တလေးမြို့အရှေ့ပိုင်းအထိပါကြားခဲ့ရပြီးမြို့ခံများစိုးရိမ်ထိတ်လန့်နေကြကြောင်းဒေသခံတချို့ကဆိုသည်။

 

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးကျေးရွာကိုစစ်ကောင်စီကစက်တင်ဘာ၂၀ရက်နေ့တွင်အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ပြီးစက်တင်ဘာ၂၁ရက်နေ့တွင်လည်းမိုးထောင်ရွာနှင့်ကုန်းလည်ရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိ၇သည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.