Preview

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးသည့် အေဂျင်စီ ၈၁ ခုကို စစ်ကောင်စီ အရေးယူထား

စက်တင်ဘာ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :795
ပြည်တွင်း သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၄

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးသည့် အေဂျင်စီ ၈၁ ခုကို စစ်ကောင်စီ အရေးယူထားကြောင်း သိ၇သည်။

ထိုသို့ အရေးယူထားခြင်းမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေ၏ မိသားစုလွှဲပို့ငွေ သတ်မှတ်ရာခိုင်နှုန်းပြည့်မီအောင် ပေးပို့နိုင်ခြင်းမရှိသည့်အတွက်  အေဂျင်စီ ၈၁ ခုကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ပြီး အရေးယူမှု ပြုလုပ်ထားသည်ဟု သိ၇သည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ပထမ ၃ လအတွင်း ပြည်ပရောက် အလုပ်သမားများ၏ မိသားစုဆီ လွှဲပို့ငွေအထောက်အထားများကို လာရောက်တင်ပြရန်  အေဂျင်စီတွေကို ညွှန်ကြားထားသည်။

အရေးယူခံထား၇သည့် အေဂျင်စီများအထဲတွင်  ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် အေဂျင်စီအများစု ပါဝင်နေသည်ဟု ဆိုသည်။

ထိုသို့ ပြည်ပသို့ အလုပ်သမားများ ပို့ဆောင်သည့် အေဂျင်စီတချို့အား အရေးယူခံထားရသဖြင့် ပြည်ပထွက်ရန် ချိတ်ဆက်ထားသူများ အခက်ကြုံနေကြရသည်ဟု သိ၇သည်။

ယခုကဲ့သို့ အရေးယူခံထားရသည့် အေဂျင်စီများနှင့် ချိတ်ဆက်ထားသည့် အလုပ်သမားများ အနေဖြင့်  ပြည်ပထွက်ခွာခွင့်ရဖို့ အချိန်ကြန့်ကြာမှုတွေရှိလာသည့် အဖြစ်မျိုးနှင့် ကြုံနေ၇တသည်ဟု အလုပ်သမားတချို့က ပြောဆိုသည်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်၇ယူထားသည့် အေဂျင်စီ ၆၀၀ နီးပါးရှိပြီး လစဉ်အလုပ်သမား သောင်းနှင့် ချီပြီး  ပြည်ပကို ထွက်ခွာနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိ၇သည်။

Source andPhoto - BETV Business

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.