Preview

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ယနေ့ ပြန်ပို့မည်

စက်တင်ဘာ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1191
ပြည်တွင်း သတင်း

(မြန်မာနိုင်ငံတွင်ထောင်ကျနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၈၅ ဦးအားလည်း မြန်မာမှ ပြန်ပို့မည်)  


နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၃

 

အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကနေ တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လု ထွက်ပြေးသွားခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးအား ယနေ့ တနင်္ဂနွေနေ့တွင်မြန်မာသို့ ပြန်လည် ပို့ဆောင်မည်ဟု သိ၇သည်။

 

အလားတူ စစ်ကောင်စီကလည်း မြန်မာဘက်တွင် ထောင်ကျနေသည့် ဘင်္ဂလီလူမျိုး၈၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ပြန်ပို့မည်ဖြစ်သည်။

 

ကော့စ်ဘဇား ဒုတိယကော်မရှင်နာMohammad Salahuddin မှ ထိုသို့ ပို့ဆောင်မည်ကို အတည်ပြု ပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာအကျဉ်းကျနေတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုပြန်ပို့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်သား ၈ ဦးနဲ့ နယ်ခြားစောင်တပ်ဖွဲ့ဝင်၁၁၅ ဦး၊ ပေါင်း ၁၂၃ ဦးကိုလည်း မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွားမှာဖြစ်ပါတယ်။” ၎င်းက ပြောဆိုသည်။



 

ယနေ့ တနင်္ဂနွေနေ့တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ဦးသည့် ကော့်စဘဇားရှိ Nuniarchara ဆိပ်ကမ်း သို့ရောက်ရှိမည်ဖြစ်ပြီး  ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်နယ်ခြားစောင့်ရဲ (BGP) ၁၂၃ ဦးသည် အဆိုပါ ဆိပ်ခံတံတားမှမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟု ဆိုသည်။

 

မြန်မာသို့ ပြန်ပို့မည့်  ၁၂၃ ဦးအထဲတွင် စစ်ကောင်စီ စစ်သား၈ ဦးနှင့် နယ်ခြားစောင့် အဖွဲ့ဝင် ၁၁၅ ဦးပါဝင်သည်ဟု သိ၇သည်။

 

မြန်မာက ပြန်ပို့မည့် ဘင်္ဂလားဒေ့ရှ်၈၅ ဦးတွင် မော်လမြိုင်အကျဉ်းထောင်တွင် ၂၆ ဦး၊ ပုသိမ်ထောင်တွင် ၁၆ ဦး၊ချောက်ထောင်တွင် ၃ ဦး၊ ကျန်ရခိုင်အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများဟု သိ၇သည်။

 

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) Teknaf-2 တပ်ရင်းမှူး ဒု Col MohiuddinAhmed က“၇ခိုင်ပြည်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း စစ်သားတချို့ အပါအဝင်  BGP အဖွဲ့ဝင်၁၂၃ ဦး နတ်မြစ်ကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို  ခိုလှုံခဲ့ကြ၇ပါတယ်။ အခုသူတို့ကို ပြန်ပို့မှာ ဖြစ်ပါတယ်”ဟု ပြောသည်။  

 

ထိုသို့ ပြန်ပို့ရာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်၃၃၀ဦး၊ ဧပြီလ ၂၅ ရက်နေ့တွင်  ၂၈၈ ဦး၊ ဇွန်လ၈ ရက်နေ့တွင် ၁၃၄ ဦးတို့ကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ ပြန်ပို့ခဲ့သည်ဟုသိ၇သည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.