Preview

အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၂၀ ဦးကို စစ်ကောင်စီက ဖမ်းပြီး တရုတ်သို့ လွှဲပြောင်းပေး

စက်တင်ဘာ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :993
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄

ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတရုတ်နိုင်ငံသား ၂၀ ဦးကို မြန်မာစစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့လွှဲပြောင်းပေးလိုက်ကြောင်း သိ၇သည်။

သူတို့ကို စက်တင်ဘာ ၁၉ ရက်တွင်လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၃၀ ရက်ထုတ်စစ်ကောင်စီပိုင်သတင်းစာများတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံကအလိုရှိနေသည့် တရားခံပြေး ချန်တာဝေ့ ဦးဆောင်သော သူတို့အဖွဲ့ကို ပြီးခဲ့သည့်ဇူလိုင်လအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီအနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စုံစမ်းဖော်ထုတ်ပြီးထိရောက်စွာ အရေးယူဆောင်ရွက်နေသည့်အပြင် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင်အွန်လိုင်းငွေလိမ်လုပ်ငန်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများတိုက်ဖျက်ရေးအတွက် ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၃ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်မြို့ရှိမင်္ဂလာမူဆယ်ရပ်ကွက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်နေရာအချို့ကိုစစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိ၇သည်။

ယင်းအထဲတွင် တရုတ်နိုင်ငံသား ၁၉၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၅၅ ဦးကိုဖမ်းဆီး၇မိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါဖမ်းမိသူများအနက် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့လွှဲပြောင်းပေးသွားမည်ဟုလည်း စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ - အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀ဦး၏ပုံ။ (Photo - စစ်ကောင်စီ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.