လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၄ / ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ သမိုင်းဝင် ကိုးကန့်ရိုးရာဘာသာရေးအဆောက်အအုံ ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင် ဗုံးကြဲတိုက်ခိုက်၍ပျက်စီးသွားကြောင်း ကိုးကန့်တပ်မတော်(MNDAA)၏ ပြန်ကြားဌာနကထုတ်ပြန်ထားသည်။
လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် တည်ရှိသော ကွမ်ရင်ဘုရားကျောင်းကိုစစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၄ ရက်၊ နံနက်အစောပိုင်းတွင်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် တည်ရှိသော ကိုးကန့်ရိုးရာ ဘာသာရေးအဆောက်အအုံကွမ်ရင်ဘုရားကျောင်းကို အောက်တိုဘာ ၄ ရက်၌ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ကတမင်သက်သက် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဘုရားကျောင်းအတွင်းရှိဘုရားရုပ်ပွားတော်များနှင့် အဆောက်အအုံအများအပြားပျက်စီးခဲ့သည်”ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့နံနက် ၂ နာရီကျော်မှ ၅ နာရီကျော်အထိ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်အတွင်းအဆိုပါဘုရားကျောင်းသည် နှစ်ကြိမ်တိုင်ဗုံးကြဲခံခဲ့ရပြီး အရပ်သားတစ်ဦးလည်းဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
နောက်ထပ် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်သည် ရပ်ကွက် ၈ ရှိ မပြီးဆုံးသေးသောအဆောက်အအုံကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကိုးကန့်မီဒီယာ