နိရဉ္စရာ၊အောက်တိုဘာ ၁၆/ ၂၀၂၄
ရှမ်းပြည်သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် မ၇(၅၀၃)၊ ခမ၇(၅၀၄)နှင့် ခလ၇(၂၃)တပ်စခန်း အလုံးစုံ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သီပေါမြို့ကို တအာင်းတပ်မတော် PSLF/TNLAမှထိန်းချုပ်ထားလိုက်ပြီဟု သိ၇သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင်သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးလိုက်နောက်၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စစ်ဆင်ရေးအတွင်း မြို့ ၅ မြို့ကို တအာင်းတပ်မတော်PSLF/TNLA က ထိန်းချုပ်လိုက်ပြီဖြစ်သည်။
၎င်းမြိုများမှာနောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ကျောက်မဲမြို့နှင့် သီပေါမြို့တို့ ဖြစ်ကြသည်။
သီပေါမြို့နယ်ရှိစစ်ကောင်စီ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှဇူလိုင်လ ၂၀ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သည်။
(၂)လကျော်အကြာ တိုက်ခိုက်ပြီးနောက် ခမ၇ (၅၀၃)၊ ခမ၇(၅၀၄)၊ ခလ၇(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများအား အောက်တိုဘာ ၁၃ ရက်မွန်းလွဲပိုင်း (၁း၀၀)နာရီအချိန်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့သည် PSLF/TNLA အောက်တိုဘာ ၁၅ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်းစစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM(၇)လက်၊81 MM (၁)လက်၊ RPG (၂)လက်၊စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့်စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်း၇မိခဲ့သည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီသီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့်ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ဦး သေဆုံးပြီး (၈၀)ဦးဒဏ်ရာ၇၊ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန်မီးလောင်ပျက်စီးသွားခဲ့သည်။
၎င်းပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃)ကြိမ်၊ ရော့ကတ်ဒုံးကျည် (၈)ကြိမ်နှင့် ဟောင်ဝိဇာ (၈)ကြိမ်အသုံးပြုတိုက်ခိုက်ခဲ့သည်။ သီပေါမြို့ စစ်ကောင်စီတပ်မှထောက်ပို့ယာဉ် Y12ဖြင့် (၇၉)ကြိမ်၊ Y8 (၂)ကြိမ်၊Mi17 (၅)ကြိမ် လက်နက်ခဲယမ်းများ(၄၄၀)ထုပ်လာရောက်ကြဲချခဲ့သည်။
TNLA သည် စစ်ကောင်စီတပ်၏အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဦးကိုလည်းဖမ်းဆီး၇မိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။
၎င်းပြင်လူသားချင်းစာနာသောအားဖြင့် သီပေါမြို့ ရှိ ခမ၇-၅၀၃ နှင့် ၅၀၄တပ်စခန်းအတွင်း ဖမ်းဆီး၇မိထားသည့် တပ်မိသားစုဝင် (၁၉၁)ဦးကို PSLF/TNLA က အောက်တိုဘာ ၁၂ ရက်နေ့ကပြန်လွှတ်ပေးခဲ့ကားကား ၄ စီးဖြင့် ပြန်ပို့ခဲ့ကြောင်း သိရှိ၇သည်။