Preview

စစ်ကောင်စီနှင့် စစ်ရေးလေ့ကျင့်ရန် ရုရှား စစ်ရေယာဉ် လေးစင်းမြန်မာသို့ရောက်ရှိ

လွန်ခဲ့သော တစ်လ က | ကြည့်ရှုသူ :1567
ပြည်တွင်း သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၄

ရုရှားရေတပ် RussianPacific fleet မှ စစ်ရေယာဉ် လေးစင်းသည် စစ်ရေးလေ့ကျင့်ရန်  မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင်ရေးသားဖော်ပြသည်။

၎င်းရေယာဉ်များ ရောက်ရှိလာခြင်းမှာ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရောက်ရှိလာခြင်းဖြစ်သည်ဟုဆိုသည်။

ရောက်ရှိလာသည့် ရေယာဉ် ၄ စင်းမှာ ရုရှားရေတပ် Russian Pacific fleet မှ ကော်ဗက် စစ်ရေယာဉ်များ ဖြစ်ကြသည့် စစ်ရေယာဉ် Gromky၊ စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhpovနှင့် ထောက်ပံ့ရေး ရေယာဉ် Pechenga တို့ဖြစ်ကြသည်။

၎င်းရေယာဉ်များသည် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့  အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်ဟုဆိုသည်။


ခရီးစဉ်အတွင်းရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာ လည်ပတ်ခြင်းနှင့်နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း  ( Harbour Phase) များပြုလုပ်သွားမည်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ်Russian Pacific fleet မှ captain 1strank Antsiferov Alexey Vitalievich ဦးစီးသည့်အရာရှိ စစ်သည်များ လိုက်ပါလာသည်ဟု သိ၇သည်။

စစ်ကောင်စီသည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ကျည်အစစ်ပစ်ခတ်မှုများ ပါဝင်သည့်  ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၂၀ရက်က စတင်ပြီး နောက် ၅ ရက်ကြာပြုလုပ်နေသည်ဟု စစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။

မြိတ်မြို့အနောက်ဘက် မိုင် ၈၀ ကျော်အကွာ ကဘူဇာကျွန်း အနောက်ဘက် ရေမိုင် ၁၀ မိုင်၊ ရဲတံခွန်သဘာ၀ဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ကနေ မြောက်ဘက် ၁၀ မိုင်အကွာ ရေမိုင် ၆၀ ပတ်ပတ်လည်အကွာအဝေးအတွင်းမှာ ပြုလုပ်နေသည်ဟု သိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.