Preview

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် TNLAတပ်မတော်သားများအတွက် အလှူဒါနပြုလုပ်

အောက်တိုဘာ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :690
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၄

၁၀၂ရစစ်ဆင်ရေးအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်းအသက်ပေးလှူသွားခဲ့ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်တော်(TNLA) တပ်မတော်သားများနှင့်ပူပေါင်းတပ်အား ရည်စူး၍ ယနေ့တွင် အလှူဒါန ပေးခဲ့ကြောင်းသိ၇သည်။

ယနေ့အောက်တိုဘာလ ၂၇ ရက်တွင်ကျရောက်သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် နေ့တွင် PSLF/TNLA အုပ်ချုပ်နယ်မြေတစ်နေရာ၌ အလှူဒါနပြုလုပ် ပေးခဲ့ခြင်း ဖြစ်သည်ဟု PSLF/TNLA က ယနေ့ညနေတွင် သတင်းထုတ်ပြန်သည်။

"စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငဲ့အာဏာရှင်စစ်အုပ်စုများကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူ သွားခဲ့ကြသည့်PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များအားမိမိတို့ PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဥ်အောက်မေ့ ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်"ဟုထုတ်ပြန်ချက်တွင်ဖော်ပြသည်။



အသက်ပေးလှူခဲ့ရသည့် တပ်မတော်သားများသည်တအာင်းပြည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအားရက်ရက်စက်စက်သတ် ဖြတ်နေသည့် အာဏာရှင်စစ်ကောင်စီတပ်အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက်အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံ တော်လှန် တိုက်ခိုက်ရင်းအသက်ပေးလှူခဲ့ကြ၇သူများဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သောမြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNTJP/MMDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့က ပြီးခဲ့သည့်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ဦးဆောင်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့တွင်တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။



၁၀၂၇ စစ်ဆင်ရေးသည် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နှင့်အတူ နွေတော်လှန်ရေးတပ်ဖွဲ့များ၊တော်လှန်ရေးအင်အားစုများ ပူပေါင်းပါဝင်ဆင်နွှဲသောစစ်ဆင်ရေးလည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)တွင်တအာင်းတပ်မတော်က စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့်နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု PSLF/TNLA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်းလက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင်တောင်းခမ်းစခန်းကိုသာတိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိသည်ဟုလည်း ဆိုထားသည်။




ဓာတ်ပုံ- PSLF/TNLA 

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.