Preview

BPLA အညာတွင်အခြေချပြီး စစ်ဆင်ရေးများဖော်ဆောင်တော့မည်

အောက်တိုဘာ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :1522
ပြည်တွင်း သတင်း

မောင်စာဂ၊နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၄

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် အညာဒေသတွင် အခြေချပြီးစစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLAတပ်ဖွဲ့တာဝန်ခံမောင်ဆောင်းခက ပြောသည်။

အောက်တိုဘာလ၂၇ ရက်တွင် သူ၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် အသိပေး ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မောင်ဆောင်းခက"ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာမကြာခင် အညာဒေသမှာ အခြေချပြီးစစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကိုကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်"ဟု ရေးသားဖော်ပြထားသည်။



BPLA ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

BPLA သည် ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး အခြား မဟာမိတ်အဖွဲ့များနှင့်အတူပူးပေါင်းပြီးစစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင်စတင်ခဲ့သည့် အာရက္ခတပ်တော်(AA)အပါအဝင်မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ စစ်အာဏာရှင် အမြစ်ပြတ်ရေး ၁၀၂ရစစ်ဆင်ရေးတွင်လည်း BPLA ကပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိသည်။

BPLA ကို AA ကလည်းစနိုက်ပါသင်တန်းနှင့် စစ်သင်တန်းများ ပို့ချခဲ့ဖူးသည်။

လက်ရှိတွင်BPLA တပ်ကို အင်အားပိုမိုကြီးထွားအောင်ကြိုးစားနေပြီး တပ်သားသစ်များကိုလည်းစိစစ်ရွေးချယ်ခေါ်ယူနေကြောင်း BPLA က အောက်တိုဘာ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-BPLA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.