Preview

ရန်ကုန်၊ ဧရာ၀တီ၊ မကွေးမြို့များမှ စစ်မှုထမ်းများ ရခိုင်စစ်မြေပြင်သို့အများဆုံးအပို့ခံရပြီး သေဆုံးမှုများပြားနေ

အောက်တိုဘာ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :2537
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၈ / ၂၀၂၄

ရန်ကုန်၊ ဧရာ၀တီနှင့် မကွေးမြို့များရှိသင်တန်းကျောင်းများတွင် စစ်ကောင်စီကစုဆောင်းထားသည့်စစ်မှုထမ်းများသည် ရခိုင်စစ်မြေပြင်သို့ အများဆုံးအပို့ခံထား၇ပြီးသေဆုံးမှုများပြားနေကြောင်း
 Burma Affairs & ConflictStudy(BACS)အဖွဲ့ထံမှ သိ၇သည်။

စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများအား ရှေ့တန်းစတင်ပို့ချိန်တွင်အာရက္ခတပ်တော်
 (AA)က ၇ခိုင်ပြည်၊ သံတွဲကို ထိုးစစ်ဆင်နေချိန်ဖြစ်ကြောင်း BACS အဖွဲ့ ၏ သုတေသနတာဝန်ခံ ဦးမင်းထက်အောင်က နိရဉ္စရာကိုပြောသည်။

ဦးမင်းထက်အောင်က “မောင်တော ဘက်ကို ပို့တာလည်းရှိတယ်။မိသားစုတွေကတော့ သူတို့နဲ့အဆက်အသွယ်မ၇ကြဘူးလို့ ဆိုကြတယ်” ဟုပြောသည်။

စစ်ကောင်စီစုဆောင်းထားသည့်စစ်မှုထမ်းများသည် ရခိုင်ပြည်နယ်ရှိသံတွဲတိုက်ပွဲ၊ ဂွတိုက်ပွဲနှင့် မောင်တောတိုက်ပွဲများတွင် သေဆုံးမှုများရှိပြီးသံတွဲတိုက်ပွဲနှင့် ဂွတိုက်ပွဲတို့တွင် ထွက်ပြေးမှုများရှိကြောင်း ဒေသခံများကလည်း ပြောကြားမှုများရှိနေသည်။

သံတွဲဒေသခံတစ်ဦးက
 သံတွဲတိုက်ပွဲမှာမောင်ရွှေလေးရေတပ်တိုက်ပွဲ၊ သူဌေးချောင်းတိုက်ပွဲမှာစစ်မှုထမ်းအသစ်တွေပါတယ်လေ။သေတာရှိတယ်။ ထွက်ပြေးသွားတာရှိတယ်။ အခုလည်း ဂွတိုက်ပွဲမှာ ထွက်ပြေးနေကြတာမှာစစ်မှုထမ်းအသစ်လေးတွေပါတာတွေ့တယ်။ စစ်ကောင်စီက လိုက်ဖမ်းနေ၇တယ်” ဟု ပြောသည်။

မိခင်ကိုဆေးကုဖို့ ငွေကျပ်သိန်း
 ၆၀ ဖြင့် အစားထိုးဝင်ရောက်ခဲ့သည့် မကွေးတိုင်း အနောက်ခြမ်းမှ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း လူငယ်တစ်ဦးသည် သင်တန်းဆင်းပြီးနောက် သံတွဲဘက်ကို ပို့ဆောင်ခံခဲ့၇ပြီး AA နှင့်တိုက်ခိုက်၇သည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း BACS အဖွဲ့ ၏ သုတေသနတာဝန်ခံ ဦးမင်းထက်အောင်က ပြောသည်။

 

ကျန်တဲ့ သေဆုံးတဲ့ဖြစ်စဉ်တော်တော်များများလည်းကြားသိ၇တယ်။ အခုနောက်ပိုင်းအခြေအနေအနေတွေကိုတော့ ဆက်ပြီးစုံစမ်းဆဲပါ”ဟု ပြောသည်။

ထိုကဲ့သို့
 စစ်မှုထမ်းသင်တန်းဆင်းများ ရှေ့တန်းပို့ဆောင်ခံ၇ကာ သေဆုံး ဒဏ်ရာ၇မှုများစွာ ရှိနေသော်လည်း အရေအတွက် အတိအကျကိုမူ BACS အနေဖြင့် အတည်ပြုကောက်ယူနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည်
 စစ်မှုထမ်း အပတ်စဉ် (၁)မှ (၅)အထိ သင်တန်းများကို နိုင်ငံတဝန်းရှိ သင်တန်းကျောင်းပေါင်း ၂၃ ကျောင်းတွင်ဖွင့်လှစ်ခဲ့သည်ဟု သိ၇သည်။ 

ယင်းအနက် ရှမ်းပြည်နယ်အတွင်း
 အများဆုံး ဖွင့်လှစ်ခဲ့ပြီး သင်တန်းကျောင်းပေါင်း ခုနစ်ကျောင်းရှိကြောင်း BACS က အောက်တိုဘာ ၂၀ ရက်တွင်ထုတ်ပြန်ထားသည်။

မန္တလေးတွင်
 သင်တန်းကျောင်းလေးကျောင်း ဖွင့်လှစ်ခဲ့ပြီး မွန်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီတို့တွင်နှစ်ကျောင်းစီနှင့် မကွေးနှင့် တနင်္သာရီတို့တွင် တစ်ကျောင်းစီဖွင့်လှစ်ခဲ့ကြောင်း သိ၇သည်။ 

အပတ်စဉ်
 (၁)တွင် သင်တန်းသား ၅၀၀၀ နီးပါး စုဆောင်း နိုင်ခဲ့ပြီး ကျန်အပတ်စဉ်များတွင် သင်တန်းသား ၄၀၀၀ ကျော်စီ စုဆောင်းနိုင်ခဲ့သည်ဟု သိ၇သည်။

လက်ရှိ
 အပတ်စဉ် (၅)အထိ စစ်မှုထမ်း စုဆောင်း ခံ၇သူ ၂၁၀၀၀ ထက်မနည်း ရှိသည်ကိုတွေ့၇ကြောင်း BACS က ထုတ်ပြန်သည်။

ဓာတ်ပုံ-BNI

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.