မောင်စာဂ၊နိရဥ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄
"၀"ထိန်းချုပ်နယ်မြေအတွင်း ကုန်ပစ္စည်းများကို ဈေးတင်ရောင်းလျှင်ပြင်းပြင်းထန်ထန် အရေးယူမည်ဟု "၀"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိဟိုပန်၊ ပန်လုံနှင့် နမ့်တစ်မြို့များအပါအဝင် UWSA"၀" တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်းကုန်ပစ္စည်းများဈေးတင်ရောင်းလျှ
စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းရောင်းချမှုမျ
ဒေသတွင်းရှိလူထုစားဝတ်နေရေး အဆင်ပြေစေရေးကုန်ပစ္စည်းများရရှိရေး၊ ကန့်သတ်ချက်များ လျှော့ချရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်းUWSA က ဆိုသည်။
တရုတ်နိုင်ငံဘက်က "၀" ဒေသသို့ ကုန်ပစ္စည်းတင်သွင်းခွင့်ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် ဒေသတွင်း ကုန်ဈေးနှုန်းများမြင့်တက်လာချိန် UWSA ကယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။
UWSA "၀" တပ်ဖွဲ့ထိန်းချုပ်ရာနမ့်တစ်-မန်ခါးနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် သြဂုတ်လကတရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့သည်။
ယင်းနောက်အောက်တိုဘာလ ၂၀ ရက်နောက်ပိုင်းတွင်၀ ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ်ဂိတ် အားလုံးနီးပါးတွင် စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန် သယ်ယူခွင့်များကို တရုတ်နိုင်ငံဘက်ကကန့်သတ်လိုက်သည်ဟု သိ၇သည်။
ယင်းကြောင့်မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မြို့များတွင် စက်သုံးဆီနှင့် ဆေးဝါးများပြတ်လပ်လာနေသည်ဟု သိရသည်။
UWSA ၏ ယခုထုတ်ပြန်ချက်တွင်မူ တရုတ်နိုင်ငံထဲမှ စက်သုံးဆီ၊လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်း တင်ပို့မှုများကိုရပ်ထားသော်လည်း စားသောက်ကုန်ပစ္စည်းများ ပုံမှန်အတိုင်းဝင်ရောက်နေသည်ဟုဆိုထားသည်။
ဓာတ်ပုံ- UWSA