Preview

ဧရာဝတီတိုင်းသို့ထိုးဖောက်ဝင်ရောက်တိုက်ပွဲဝင်မည့်တိုင်းစစ်ဌာန(ဧရာဝတီ)ကိုဖွဲ့စည်းကြောင်းထုတ်ပြန်

လူထက်နိုင် | ဒီဇင်ဘာ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :6041
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၄  / ၂၀၂၄

အာရက္ခတပ်တော်( AA) ၏ထိုးစစ်ဧရာ၀တီတိုင်းနှင့်ကပ်ရပ်တည်ရှိသည့်ဂွမြို့သို့ရောက်ရှိလာချိန်နှင့်တစ်ပြိုင်တည်းတွင်ဧရာ၀တီတိုင်းအားဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မည့်တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့မှာ  တိုင်းစစ်ဌာန(ဧရာဝတီ)ကိုဖြစ်သည်။

၎င်းအဖွဲ့ကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းစစ်ဒေသ၊အမှတ်(၂)စစ်ဒေသခွဲ၏ကွပ်ကဲအုပ်ချုပ်မှုကိုခံယူ၍ဖွဲ့စည်းခဲ့ကြောင်း၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၁၂ရက်နေ့တွင်သတင်းထုတ်ပြန်သည်။

တိုင်းစစ်ဌာန(ဧရာဝတီ)ကိုပြည်သူ့သားကောင်းစစ်သည်တော်များဖြင့်စစ်ကြောင်း၊တပ်ရင်း၊ဗျူဟာများအဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှချမှတ်ထားသောသစ္စာဓိဌာန်(၄)ချက်ကိုမြဲမြံစွာစောင့်ထိန်းပြီးအဆင့်ဆင့်အမိန့်ပေးကွပ်ကဲနာခံမှုနှင့်ကျင့်ဝတ်များကိုလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုင်းစစ်ဌာန(ဧရာဝတီ)သည်၎င်းအဖွဲ့၏ အန္တိမရည်မှန်းချက်ဖြစ်သောစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ဧရာဝတီမြေသို့ထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲများရယူနိုင်ရန်မဟာမိတ် (EROs) များနှင့်လက်တွဲပူးပေါင်း၍ကြိုးစားတည်ဆောက်တိုက်ပွဲဝင်လျက်ရှိကြောင်းသိရသည်။

၎င်းပြင်စစ်ရေးဆိုင်ရာသတင်းများနှင့်ကာကွယ်ဆိုင်ရာသတင်းများကိုတရားဝင် ထုတ်ပြန်ရန်အပါအဝင်ပြည်သူများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်“တိုင်းစစ်ဌာန-ဧရာဝတီ” အမည်ဖြင့်လူမှုကွန်ယက်စာမျက်နှာFacebook Pageအားဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းဖော်ပြထားသည်။

ပုံစာ-တောင်ပိုင်းစစ်ဒေသ ၊အမှတ် (၂) စစ်ဒေသခွဲရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲ

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.