Preview

ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထားဟု ISP-Myanmar ထုတ်ပြန်

လူထက်နိုင်(ဒွာရာမြီ) | ဒီဇင်ဘာ ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :3133
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၈ / ၂၀၂၄

ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်းမြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) မှ  ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထား သည်။

ရခိုင်ပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ) အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း ISP-Myanmar၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းအထဲတွင် သံတွဲနှင့်  အမ်းမြို့မှာရှိသည့် လေအားလျှပ်စစ်စီမံကိန်းများကို အပြည့်အဝ ထိန်းချုပ် ထားလိုက်ပြီဖြစ်သည်ဟု ဖော်ပြသည်။

၎င်းပြင် “ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေး လမ်းကြောင်းတွေကို တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်” ဟု ISP-Myanmar၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင်တကျော့ပြန် တိုက်ပွဲစစ်တင်ဖြစ်ပွားခဲ့ပြီး ရခိုင်က မြို့နယ် ၁၇ မြို့နယ်အထဲမှ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ အမ်းစသည့် မြို့နယ် ၁၃ ခုနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.