Preview

မန္တလေးတိုင်း၊ နွားထိုးကြီးတိုက်ပွဲတွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီ ၂၁ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် (၃၉)လက်သိမ်းဆည်းရမိ

ခိုင်လူလှ (ရိုးမမြေ) | ဇန်နဝါရီ ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :1073
ပြည်တွင်း သတင်း

(ဗိုလ်မှူး ရန်လင်းအောင်မှာ ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာစဉ် သေဆုံးကြောင်းသိရဟုဆို)

နိရဉ္စရာ၊ ဇန်နဝါရီ ၃၀/ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုအား ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ၂၁ ဦးသေဆုံးပြီး ၈ ဦးကို အရှင်ဖမ်းမိကာ လက်နက် (၃၉) လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟုအမှတ် (၁) စစ်ဒေသ၏ ဇန်နဝါရီ ၃၀ နေ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော စစ်ကောင်စီတပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄)၊ ခမရ (၁၅)နှင့်ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်အားဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်းတွင် မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

၎င်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) ပူးပေါင်းတပ်ဖွဲ့မှကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင် ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်းသိရ၍ (၈) ဦး ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်းများမှာ MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ဖြစ်ကြသည်။

၎င်းတိုက်ခိုက်မှုအတွင်း တံတားဦးမှ ထွက်လာသော Mi-35 (၁) စီးဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့သည်ဟုလည်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.