(တရုတ်လက်နက်ကိုင် လုံခြုံရေး ကုမ္ပဏီများဝင်ရောက်လာဖို့စစ်ကောင်စီက လမ်းခင်းပေးလိုက်ခြင်းသာဖြစ်)
ဂျွန်နသန်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉/ ၂၀၂၅
နိုင်ငံခြားသားများကိုပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီး၊ လက်နက်ပါကိုင်ဆောင်ခွင့် ပေးထားသည့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင် ရာဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ (၁၈ )ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။
အဆိုပါဥပဒေတွင်အခန်းပေါင်း (၁၃)ခန်း၊ ပုဒ်မ ပေါင်း (၅၅)ခု ပါ၀င် ပြီး ၊အခန်း(၆) လိုင်စင်ရရှိသူ၏တာ၀န်နှင့်အခွင့်အရေးများ ၏ပုဒ်မ(၁၇)တွင်လိုင်စင်ရရှိသူ နိုင်ငံခြားကု မ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး(၇၅)ရာခိုင်နှုန်းခန့်ထားရမည်ဟုဖော်ပြထားသည်ကိုတွေ့ရသည်။
ယင်းအနက်အဓိပ္ပါယ်အရလိုင်စင်ရရှိသည့် နိုင်ငံခြားပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွင် နိုင်ငံခြားသား(၂၅)ရာခိုင်နှုန်း ပါ၀င်ခွင့်ပြုထားသည်ကိုတွေ့ရသည်။
ထို့အတူ ပုဒ်မ(၂၀ )တွင်လိုင်စင်ရရှိသူသည် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာတွင် လိုအပ်ချက်အရ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ဗဟိုကော်မ တီ၏ခွင့်ပြုချက်ဖြင့် လက်နက်ဥပဒေ၊လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊တည်ဆဲဥပဒေများနှင့်အညီဆောင်ရွက်ရမည် ဟုဖော်ပြထားသည်။
လိုင်စင်ရရှိသူသည်ဗဟိုကော်မ တီ ကခွင့်ပြုထားသော ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ နည်းပညာရပ်ဆိုင်ရာလုံခြုံရေးအ ထောက် အကူပြုပစ္စည်းများကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်း(သို့မဟုတ်) အသုံးပြုခြင်းကိုဗဟိုကော်မ တီ၏ခွင့်ပြုချက်ဖြင့်တည်ဆဲဥပဒေများ၊လိုင်စင်စည်းကမ်းချက်များနှင့်အညီဆောင်ရွက်နိုင်သည်ဟု ပုဒ်မ(၁၈)၊ ပုဒ်မခွဲ(ခ)တွင်ဖော်ပြထားသည်။
အခန်း(၃)၊ ပုဒ်မ(၄-က)အရပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီကိုဖွဲ့စည်းသွားမည်ဖြစ် ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးထားသည်ကိုတွေ့ရသည်။
အဆိုပါဥပဒေပြဌာန်းရခြင်းသည်နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးတို့ကို အ ထောက်အကူပြုစေရန်၊ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု အားနိုင်ငံတော်၏လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်သည်ဟု စစ်ကောင်စီက ဆိုထားသော်လည်း လက်တွေ့တွင်မူ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တရုတ်လက်နက်ကိုင် လုံခြုံရေး ကုမ္ပဏီများဝင်ရောက်လာဖို့အတွက်လမ်းခင်းပေးလိုက်ခြင်းသာဖြစ်ကြောင်း အမည်မ ဖော် လိုသူနိုင်ငံရေးသုံးသပ်သူတစ်ဦးကထောက်ပြဝေဖန်သည်။
ရခိုင်ပြည်နယ်ရှိ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း၊ ကျောက်ဖြူမှ ရှမ်းမြောက်ကိုဖြတ်ပြီး မူဆယ်၊ရွှေလီ ပိုက်လိုင်းစီမံကိန်း၊ ရထားလမ်းစီမံကိန်းများရှိရာဒေသအတော်များများကို စစ်ကောင်စီက လက်လွှတ်ထားခဲ့ရပြီး ယင်းဒေသများလုံခြုံရေးအတွက်လည်း စစ်ကောင်စီက လုံခြုံရေးမပေးနိုင်ခဲ့သည့်အတွက် တရုတ်လက်နက်ကိုင် လုံခြုံရေး ကုမ္ပဏီများဝင်ရောက်လာဖို့စစ်ကောင်စီက လမ်းခင်းပေးလိုက်ခြင်းသာဖြစ်ကြောင်း၄င်းကဆက်လက်ပြောဆိုသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေသည့် ဗိုလ်ကြီး ဇင်ယော်က ယခုအခြေအနေသည် လုံခြုံရေးကုမ္ပဏီများကိုပါ စစ်ကောင်စီတပ်က စစ်ကူခေါ်နေခြင်းဖြစ်ကြောင်း RFA သတင်းဌာနကိုပြောဆိုထားသည်ကိုလည်း တွေ့ရသည်။