Preview

မြန်မာကြောင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှလမ်းမကြီး စီမံကိန်း ရပ်တံ့နေရဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးက ထုတ်ဖော်ပြောဆို

ဂျွန်နသန် | ဖေဖော်ဝါရီ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :3924
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂၀၂၅

အိန္ဒိယနိုင်ငံ၏ 'အိမ်နီးချင်းပထမဦးစားပေး" မူဝါဒအရ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံသုံးနိုင်ငံ (IMTT)ချိတ်ဆက်မည့်အဝေးပြေးအာရှလမ်းမကြီးစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများကြောင့် ရပ်ဆိုင်းနေရကြောင်း ပြည်ပရေးရာ( နိုင်ငံခြားရေး)ဝန်ကြီး S Jaishankar က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ(၂၆)ရက်က Guwahati ၌ပြုလုပ်ခဲ့သည့် " Advantage Assam 2.0 " ထိပ်သီးအစည်းအဝေးတွင် မိုဒီအစိုးရ၏ မူဝါဒဖြစ်သည့် "Act East၊ Act Fast, and Act First" ဆိုင်ရာကတိကဝတ်များကို အကျယ်တဝင့် ပြောဆိုရာတွင် ၃နိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် ယခုအခါ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့်ပြဿနာအချို့နှင့် ရင်ဆိုင်နေရကြောင်း Jaishankar က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် အိန္ဒိယနိုင်ငံ၏ “Neighbourhood First” မူဝါဒ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံနိုင်ငံများ ) နှင့် ဆက်ဆံရေးပိုမိုတိုးတက် ခိုင်မာစေရန် ရည်ရွယ်ထားကြောင်း ထို့ကြောင့် အဆိုပါစီမံကိန်းကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း Jaishankar က ပြောကြားခဲ့သည်။

blob









အိန္ဒိယ နိုင်ငံသည်ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါနှင့် မြန်မာနိုင်ငံ များနှင့် ထိတွေ့ဆက်ဆံမှုများအပြင် ၊အာဆီယံနိုင်ငံ များနှင့်ပါ ထိတွေ့ဆက်ဆံရာတွင်တိုးတက်မှုပိုမိုကြီးထွားလာနေကြောင်းကိုလည်း၄င်းက မီးမောင်းထိုးပြခဲ့သည်။

အဆိုပါလမ်းကြောင်းသည်ကီလိုမီတာ ၁၄၀၀ ရှည်လျားပြီး၊ မြန်မာနိုင်ငံကိုဖြတ်သန်းကာအိန္ဒိယနှင့် အရှေ့တောင်အာရှဒေသ ကို ကုန်းလမ်းခရီးဖြင့် ချိတ်ဆက်ပေးသည့် မဟာဗျူဟာမြောက်လမ်းမကြီးတစ်ခုဖြစ်သည်။

ယင်းသည် အိန္ဒိယနိုင်ငံ၊မဏိပူရ် ပြည်နယ်၊ မိုရေးမြို့မှ မြန်မာနိုင်ငံကို ဖြတ်သန်းကာ ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ရောက်ရှိမည့် အဝေးပြေးအာရှလမ်းမကြီးစီမံကိန်းဖြစ်သည်။

အဆိုပါ အာရှ လမ်းမကြီးသည် ကုန်သွယ်ရေး ၊ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာရေး တို့အတွက် အရေးပါသောလမ်းကြောင်း တစ်ခုဖြစ်ပြီး သက်ဆိုင်သည့်နိုင်ငံများ အားလုံးသည် ထိုလမ်းမကြီး ပြီးစီးရန် ကတိကဝတ်များပြုထားကြ သော်လည်း ယခုအချိန်အထိ ပြီးစီးမည့် အချိန်ကာလအတိအကျ ကို မူ ထုတ်ဖော်ပြသနိုင်ခြင်းမရှိသေးပေ။

ယခင်က ၄င်းစီမံကိန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်နိုင်မည်ဟု ရည်မှန်းထားခဲ့သော်လည်းယခုအခါ အဆိုပါရည်မှန်းချက်များ ပျောက်ဆုံးသွားခဲ့ရပြီဖြစ်သိရသည်။

အဝေးပြေး လမ်းပိုင်းတည် ဆောက်ရေးလုပ်ငန်းများသည် ၂၀၂၃ခုနှစ် ဇူလိုင်လတွင် (၇၀)%ခန့် ပြီးစီးသွားခဲ့ ပြီဖြစ်သော်လည်း ယင်း စီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြံ့ကြာမှုများရင်ဆိုင်ကြုံတွေ့ နေရသည်။

ယခုအခါအိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် မဟာဗျူဟာမြောက်လမ်းမကြီးသည်မြန်မာနိုင်ငံ၏ မတည်မငြိမ်မှုအခြေအနေများကြောင့် ရပ်ဆိုင်းလျက်ရှိနေ ကြောင်း NDTV ကဖော်ပြချက်အရသိရသည်။

ထိုစီမံကိန်းသည် စိန်ခေါ်မှုများရှိနေသော်လည်း တိုးတက်မှုကို တွန်းအားပေးရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်းJaishankar ကတိုက်တွန်းပြောဆိုသွားခဲ့သည်။ Source/NDTV

#လမ်းပန်းဆက်သွယ်ရေး#အိန္ဒိယ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.