Preview

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ အိမ်၊ ခြံ၊ မြေအားလုံးကို CDF – ထန်တလန် အပြီးပိုင်သိမ်းဆည်း

လူထက်နိုင် | မတ် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :751
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ မတ် ၂၅/၂၀၂၅

ထန်တလန်မြို့မှ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ပိုင်ဆိုင်သော အိမ်၊ ခြံ၊ မြေအားလုံးကို အပြီးပိုင်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်(CDF-ထန်တလန်)က မတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်သည် ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ်ကိုအားပေးသူ၊ ပြည်သူလူထုပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်သူဟု ဆိုထားသည်။

ထို့အပြင် သူသည် အာဏာသိမ်းစစ်တပ်ကဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးလည်းဖြစ်သည့်အတွက် ထိုသို့ သိမ်းဆည်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“၎င်းပိုင်ဆိုင်ထားပြီး Chinland Defense Force - Thantlang (CDF-TT) ထိန်းချုပ်နယ်မြေအတွင်းရှိ အိမ်၊ ခြံ၊ မြေအားလုံးကို ဤတော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Thantlang Council က အပြီးပိုင်သိမ်းဆည်းပြီး လိုအပ်သလိုဆက်လက်ကိုင်တွယ်မည်ဖြစ်ကြောင်းနှင့် အသစ်တက်လာမည့်အစိုးရသစ်ထံသို့ ထပ်မံလွှဲအပ်မည်ဖြစ်ကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

blob
ဓာတ်ပုံ - MRTV
ဒေါက်တာမှုထန်သည် ယခင်က ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် ယခုတွင် စစ်ကောင်စီအဖွဲ့၌ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒေါက်တာမှုထန်သည် စစ်ကောင်စီကျင်းပမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ရန် ချင်းပြည်သစ်ကွန်ကရက်ပါတီ တည်ထောင်ခွင့်လျှောက်ထားသူထဲတွင်လည်း ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - MRTV နှင့် လူမှုကွန်ရက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.