လူထက်နိုင်၊နိရဥ္ဇရာ၊ဧပြီ၁/၂၀၂၅
ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ညီနောင်သုံးဖွဲ့ ( AA/MNDAA/TNLA) ကတစ်လတဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းဧပြီ၁ရက်နေ့တွင်ထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ကြေညာချက်ထဲတွင်“ ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ညီနောင်သုံးဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတစ်လတာတစ်ဖက်သတ်အပစ်ရပ်ကြောင်း” ဖော်ပြထားသည်။
ထုတ်ပြန်ချိန်မှစတင်ပြီးညီနောင်မဟာမိတ်အဖွဲ့များအနေဖြင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုယ်မိမိခုခံကာကွယ်သည့်တုံ့ပြန်မှုမျိုးမှလွဲ၍စတင် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟုပါရှိသည်။
တစ်ဖက်သတ်အပစ်အခတ်ရပ်စဲသည့်ကာလသည် ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိတစ်လတာဖြစ်ကြောင်းသိရှိရသည်။