Preview

ထိုင်းရောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆန္ဒပြခံရ

ပိုးဝါ | ဧပြီ ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :396
ပြည်တွင်း သတင်း

ပိုးဝါ၊ နိရဉ္စရာ၊ ဧပြီ ၄/၂၀၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် "လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး"ဟု စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်အနီး ကျောက်ဖရားမြစ်ရှိ Somdet Chao Taksin Mahart တံတားပေါ်တွင် ချိတ်ဆွဲဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ချိတ်ဆွဲပြီး ၁ နာရီအကြာတွင် အာဏာပိုင်များ၏ ဖယ်ရှားခြင်းကိုခံခဲ့ရကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့တွင်ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး (BIMSTEC)သို့ တက်ရောက်ရန် ဧပြီ ၃ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘန်ကောက်မြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။

blob
ဓာတ်ပုံ - CINCDS

BIMSTEC အစည်းအဝေးကို ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာ ကျင်းပမည်ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ ဧပြီလ ၄ ရက်နေ့ တစ်ရက်တည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်မဆင်းခြင်း (သို့မဟုတ်) အနက်ရောင်ဝတ်ဆင်ကြခြင်းများဖြင့် ဆန့်ကျင်ကြရန်လည်း မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - Aey Sahattaya

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ကောင်စီ#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.