Preview

ချင်းပြည် ဖလမ်းမြို့ ချင်းညီနောင်လက်အောက်ကိုကျရောက်

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :8771
ပြည်တွင်း သတင်း

ခိုင်လူလှ(ရိုးမမြေ)၊နိရဉ္စရာ၊ဧပြီ၇/၂၀၂၅

ချင်းပြည်နယ်ဖလမ်းမြို့အခြေစိုက်နောက်ဆုံးလက်ကျန်ခလရ (၂၆၈) တပ်ရင်းကိုချင်းညီနောင်နှင့်  မဟာမိတ်ပူးပေါင်းအဖွဲ့ကယနေ့ဧပြီလ (၇) ရက်နေ့တွင်သိမ်းပိုက်လိုက်ပြီးနောက်ဖလမ်းမြို့မှာချင်းညီနောင်လက်အောက်သို့ကျရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

ဖလမ်းမြို့အခြေစိုက်ခလရ(၂၆၈)တပ်ရင်းအားယနေ့ဧပြီလ၇ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်းဒေသအခြေစိုက်Chin World ကသတင်းဖော်ပြထားသည်။

“ ဖလမ်းမြို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ခလရ၂၆၈တပ်ရင်းကိုချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကဒီကနေ့ဧပြီလ (၇) ရက်နေ့မနက်ပိုင်းမှာဘဲသိမ်းပိုက်နိုင်ပြီလို့သိရပြီးလက်ရှိထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံဖမ်းဆီးနေတယ်” ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးကိုကိုးကားပြီးအဆိုပါသတင်းဌာကဖော်ပြသည်။

များမကြာမီသက်ဆိုင်ရာအဖွဲ့အစည်းများမှအသေးစိတ်ကိုထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ချင်းညီနောင်နှင့်AA အပါအဝင် မဟာမိတ်တပ်ဖွဲ့များသည်  မင်းတပ်မြို့နှင့်  ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကိုနိုဝင်ဘာ ၉ ရက်နေ့က စတင်ခဲ့ပြီးမင်းတပ်မြို့ကို တစ်လခွဲခန့်အကြာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခံပြီး ဖလမ်းမြို့ကို၄ လကျော်အကြား ဧပြီ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင်လက်ရှိ ဖလမ်းမြို့နယ်အပါအဝင်မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ကန်ပက်လက်မြို့၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်မြို့၊ လိုင်လင်းပီမြို့၊ကျင်ဒွေးမြို့၊ မကွီးအိမ်နူးမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ဆူခွာမြို့ များ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီးပလက်၀မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်ဟုသိရသည်။

ပုံစာ- မင်းတပ်ကို သိမ်းပိုက်ရရှိခဲ့စဉ် (The Mindat Post)


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.