Preview

အင်းတော်မြို့ကိုတော်လှန်ရေးတပ်များသိမ်းပိုက်

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :1083
ပြည်တွင်း သတင်း

ခိုင်လူလှ (ရိုးမမြေ)၊နိရဉ္စရာ၊ဧပြီ၇ / ၂၀၂၅

စစ်ကိုင်းတိုင်း၊အင်းတော်မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ဧပြီ ၇ရက် ညနေပိုင်းတွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းရရှိသည်။

စစ်တပ်၏နောက်ဆုံးလက်ကျန်ဂျပန်လှိုဏ်ဂူကုန်းအားစစ်ကောင်စီကလေကြောင်းကနေဗုံးကြဲပြီး အပြင်းအထန်ခုခံနေသည့်ကြားကတော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်ရရှိခဲ့သည်ဟုသိရသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကိုPDF ၊ ABSDF ၊KIA ၊ပကဖစသောပူးပေါင်းတပ်ဖွဲ့က၂၀၂၄သြဂုတ်လတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုPeople's Spring တွင်သတင်းဖော်ပြထားသည်။

“ သိမ်းရတာဟုတ်တယ်။သူတို့(စစ်ကောင်စီ)ကနေဒီမနက်လည်းလေယာဉ်ဗုံးသွားကြဲတယ်။မနက်ကY12နဲ့ဗုံး၄၀ကျော်လောက်ကြဲသွားတယ် "ဟုစစ်ရေးသတင်းရင်းမြစ်ကိုကိုးကားပြီးသတင်းတွင်ဖော်ပြထားသည်။

အင်းတော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ခြင်းအပေါ်  ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့်  Kachinwaves ကလည်း အတည်ပြုဖော်ပြသည်။

“ တော်လှန်ရေးတပ်တွေပြီးခဲ့တဲ့နှစ်ကနေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကိုင်းတိုင်း၊အင်းတော်မြို့ကိုဒီကနေ့ဧပြီလ၇ရက်နေ့ညနေပိုင်းမှာအပြီးသတ်သိမ်းပိုက်နိုင်လိုက်ပြီလို့သိရပါတယ်။

အင်းတော်မြို့ကိုပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဩဂုတ်လ၁၆ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၈လနီးပါးကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်ဒီကနေ့ညနေပိုင်းမှာတော့အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်” လို့  Kachinwaves  မှဆက်လက်ဖော်ပြထားသည်။

 

 

ချင်းပြည်နယ်ဖလမ်းမြို့နှင့်မြို့အခြေစိုက်  နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်းခလရ (၂၆၈) တပ်ရင်းကိုယနေ့နေ့  ဧပြီလ၇ရက်နေ့တွင်  ချင်းညီနောင်နှင့်ပူးပေါင်းမဟာမိတ်အဖွဲ့ကသိမ်းပိုက်လိုက်ပြီဟုသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.