Preview

ညောင်ကျိုးတိုက်ပွဲမှ ထွက်ပြေးပျောက်ဆုံးနေသည့် ဗျူဟာမှူးနှင့်အဖွဲ့ကို စစ်ကောင်စီက အပူတပြင်းလိုက်ရှာနေ

သဉ္ဇာနွယ် | ဧပြီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :3905
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၅

ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့် ဗျူဟာမှူးနှင့်အဖွဲ့ကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အပူတပြင်းလိုက်ရှာနေကြောင်း သတင်းရရှိသည်။

ဗျူဟာမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ခြေထောက်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီစစ်ကြောင်းများက စစ်ကြောင်းထိုးကာ လိုက်လံရှာဖွေနေခြင်းဖြစ်သည်ဟု ဥသျှစ်ပင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကပစနဲ့ ညောင်ခြေထောက်က စစ်ကြောင်း သုံးဖွဲ့ခွဲပြီး လိုက်ရှာနေတယ်။ ဗျူဟာမှူးက သေလား၊ ရှင်လား၊ ပျောက်နေတာလား၊ ထွက်ပြေးတာလားမသိရဘူး။ ဒါကြောင့် အသည်းအသန်လိုက်ရှာနေကြတယ်" ဟု ပြောသည်။

စစ်ကြောင်းထိုးမှုနှင့်အတူ ကပစနှင့် ညောင်ခြေထောက်ဖက်မှ စက်တပ်လေထီး၊ လက်နက်ကျည်များဖြင့် ညောင်ကျိုးစခန်းဖက်သို့ ပစ်ခတ်နေသည်ဟုလည်း ဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"အခုလက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ စစ်ကြောင်းလည်းထိုး၊ လက်နက်လည်း ပစ်နေတယ်"ဟု ပြောသည်။

ညောင်ကျိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိပြီး နောက်ထပ်တပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားထွက်ပြေးနေကြောင်း သိရသည်။

ပဲခူးတိုင်းရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်ထားသည်။

ညောင်ကျိုးစခန်းကို မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - AA Info Desk
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.