Preview

မကွေးတိုင်းတွင် စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မီးရှို့ဖျက်ဆီးနိုင်ခဲ့

မောင်စာဂ | ဧပြီ ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :428
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၂၄/၂ဝ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ ပါရာမော်တာဟုခေါ်သော စက်တပ်လေထီးတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု Burma Revolution Rangers က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်ရှိ တပ်မ၁၀၁ မှ အဆိုပါစက်တပ်လေထီးသုံးစီး ပျံတက်လာရာ တစ်စီးသည် တော်လှန်ရေးနယ်မြေအတွင်း ပျံဝဲနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ခဲ့မှုကြောင့် မြေပြင်သို့ဆင်းသက်ခဲ့ရသည်ဟု Burma Revolution Rangers ၏ ယမန်နေ့ ညနေ ၇ နာရီခွဲအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ဆင်းသက်လာမှုကို Burma Revolution Rangers တပ်ဖွဲ့နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေရာ စက်တပ်လေထီးကိုမောင်းနှင်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

blobစစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့်တက်လာသောကြောင့် အဆိုပါစက်တပ်လေထီးအား ယူဆောင်မရတော့၍ မီးရှို့ရှင်းလင်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

အဆိုပါလုပ်ဆောင်မှုကို Burma Revolution Rangers တပ်ဖွဲ့နှင့်အတူ Pakokku People Defense Force (PPDF)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် လူစီးနင်းလိုက်ပါလာပြီး ပစ်ခတ်နိုင်သည့် ပါရာမော်တာ(ခေါ်)စက်တပ်လေထီးများကို ယခုနောက်ပိုင်း ပိုမိုအသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ - Burma Revolution Rangers
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.