Preview

ထိုင်းနယ်စပ်တွင် WY ဆေးပြား ၅ သန်းကျော် KNU ဖမ်းဆီးမိ

ခိုင်လူလှ (ရိုးမမြေ) | လွန်ခဲ့သော တစ်ရက် က | ကြည့်ရှုသူ :362
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဧပြီ ၃၀/ ၂၀၂၅

ထိုင်း- ကရင်ပြည်နယ်စပ် သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) ဆေးပြား ၅ သန်းကျော်ဖမ်းမိကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

၎င်းမူးယစ်ဆေးဝါးများသောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မှ ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၇) ရက်နံနက် (၇:၄၅) မိနစ် အချိန်တွင်ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့်အရေအတွက်မှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုတ်၊ ဆေးပြား ပေါင်း(၅,၅၉၀,၀၀၀) ပြားဖြစ်ကြောင်းဖော်ပြထားသည်။

ဤဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့ မှ တာဝန်ယူစုံစမ်းစစ်ဆေး ဖော်ထုတ်ကာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေဥပဒေအရ အရေးယူသွားမည် ဖြစ်သည်ဟုဖော်ပြထားသည်။(ဓာတ်ပုံ-ကေအဲန်ယူ−ဗဟို)

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.