Preview

မြစ်ကြီးနားမြို့ လေယာဉ်ကွင်းရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဟုစစ်ကောင်စီဆို

ခိုင်လူလှ (ရိုးမမြေ) | မေ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :1193
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မေ ၁/ ၂၀၂၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်ဟုစစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို ဧပြီ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲခန့်တွင်ပြုလုပ်ခဲ့ပြီး ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်.

အရေးကြီးအဆောက်အဦများအား ထိခိုက်ပျက်စီးစေရန်နှင့် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြံအစည်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် KIAနှင့် PDF တို့က ပြုလုပ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး တစ်လုံးသည် မြစ်ကြီးနားမြို့ လေယာဉ်ကွင်း၏ အရှေ့မြောက်ဘက် မီတာ ၄၅၀ အကွာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်းလည်းဖော်ပြထားသည်။

ဧပြီလ ၂၈ ရက်နေ့နံနက် ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနားလေယာဉ်ကွင်းအနီးတွင်လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.