နိရဥ္ဇရာ၊ မေ၁ /၂၀၂၅
ငလျင်နောက်ဆက်တွဲလုပ်ငန်းများနှင့်ဆက်စပ်၍တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက်တစ်ဖက်သတ်အပစ်ရပ်ကာလအားနောက်ထပ် (၁) လသက်တမ်းထပ်တိုးကြောင်းညီနောင်မဟာမိတ် (၃) ဖွဲ့ကမေလ (၁) ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။
၂၀၂၅ခုနှစ်၊မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ တစ်ဖက်သတ်အပစ်ရပ်ကာလအားထပ်မံ၍နောက်ထပ် (၁) လသက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ဖက်သတ်အပစ်ရပ်စဲရေးကို ညီနောင်မဟာမိတ် (၃) ဖွဲ့မှ၂၀၂၅ခုနှစ်၊ဧပြီလ (၁) ရက်နေ့မှ (၃ဝ) ရက်နေ့အထိပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။
ဤအပစ်ရပ်ကာလအတွင်းညီနောင်မဟာမိတ် (၃) ဖွဲ့ အနေဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုယ်မိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမှလွဲ၍စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။