ဂျက်စတင်သာအေး၊ နိရဉ္စရာ၊ မေလ ၇/၂၀၂၅
ပထမအကြိမ်ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့အတွင်းက တချို့မြို့နယ်များကသာအနည်းငယ်သိသာခံစားခဲ့ရပြီး ဒုတိအကြိမ်လှုပ်ခတ်မှုကို ရန်ကုန်တစ်မြို့နီးပါးက သိသိသာသာ ခံစားခဲ့ရကာ အထပ်မြင့်တိုက်များ၌နေထိုင်ကြသူ အများအပြားလည်းကြောက်လန့်၍ လမ်းမပေါ်တွေကို ဆင်ပြေးခဲ့ကြသည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာနေထိုင်သူအမျိုးသမီးတစ်ဦးက “ ဒုတိယတစ်ကြိမ်လှုပ်တာကတော့ အားနည်းနည်းပြင်းပါတယ်။ အောက်ထပ်မှာ နေတာတောင်ဒီလောက် သိသာခံစားရတယ်ဆိုရင်။ အထပ်မြင့်တွေမှာနေတဲ့ သူတွေဆိုရင်တော်တော်လေး လှုပ်ခတ်သွားမှာ။ ည အိပ်ချိန်လည်းဖြစ်တော့လူတွေအားလုံးကြောက်လန့်ပြီး လမ်းမပေါ်တွေကို ထွက်ပြေးကြတယ်။ငလျင်နဲ့ပတ်သက်လို့ ဒုက္ခရောက်တာတွေ ကြာရမြင်ရတဲ့ အတွက် လူတွေလည်းစိုးရိမ်စိတ်များကြတယ်” ဟု နိရဉ္စရာကိုပြောဆိုသည်။
မေလ ၆ ရက်၊ ည ၉ နာရီ ၄၀မိနစ်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့အနီးကိုဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာ၊အင်အားရစ်(ခ်)တာစကေး (၂ဒဿမ ၉) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
နောက်ထပ်တစ်နာရီခန့်အကြာ ည ၁၀ နာရီ ၅၅ မိနစ်မှာ ရန်ကုန်တိုင်းလှည်းကူးမြို့အရှေ့မြောက်ဘက် ဇရပ်ကွင်းအနီးဝန်းကျင်ကိုဗဟိုပြု၍ အနက် ၁၀ ကီလို မီတာ၊ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ဟု မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဒူတိယအကြိမ်ငလျင် လှုပ်ခတ်မှုများမှာ စက္ကန့်အနည်းခန့်သာကြာမြင့်ခဲ့ပြီးရန်ကုန်မြို့က ကမာရွက်၊ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ လှိုင်၊အင်းစိန်၊ ရန်ကင်း စသည့် မြို့နယ်အများအပြား သိသိသာသာ ခံစားခဲ့ရသည်ဟုသိရသည်။
လက်ရှိမှာ အင်အားနည်းငလျင်ငယ်များမြန်မာနိုင်ငံအနှံ့တွင်မကြာခဏလှုပ်ခတ်နေပြီး မတ် ၂၈ ရက်နေ့ က လှုပ်ခတ်ခဲ့သော အင်အားရစ်(ခ်)တာစကေး (၇ဒဿမ ၇) အင်အာပြင်းစစ်ကိုင်း ငလျင်ကြောင့် အသေအပျောက်နှင့် အပျက်အစီးများခဲ့၍ ပြည်သူများမှာစိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြသည်ဟု သိရသည်။