Preview

မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကိုအာမခံပေးရန်တရုတ်သမ္မတရှီက  စစ်ခေါင်းဆောင်ကို တိုက်တွန်း

နိရဉ္စရာ | မေ ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :1448
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မေ ၁၀/၂၀၂၅

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကိုအာမခံပေးရန်တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ကိုတိုက်တွန်းလိုက်သည်။

၎င်းပြင်အွန်လိုင်းလိမ်လည်မှုနှင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့် တိုက်ဖျက်ရန်လည်း တရုတ်သမ္မတရှီက ပြောဆိုလိုက်သည်။

မေ (၉)ရက်၌ မော်စကိုမြို့တွင်ကျင်းပသော ရင်ပြင်နီအောင်ပွဲအခမ်းအနားပွဲများ၏ ဆက်စပ်အစည်းအဝေးများအတွင်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့စဥ်၄င်းကအထက်ပါအချက်(၂)ခုကို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းတရုတ်သတင်းဌာနဆင်ဟွာ၏ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊စီမံကိန်းများ၏ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန်နှင့်  အွန်လိုင်းလောင်းကစား၊ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကိုတိုးမြှင့် တိုက်ဖျက်ရန် မျှော်လင့်ကြောင်းတရုတ်သမ္မတက ပြောဆိုခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် ကောင်းတူ ဆိုးဖက်၊ အပြန်အလှန် ဖေးမကူညီကြသည့်အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ်သည်ဟုဆိုသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ အဆိုပြုကြသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်သည်အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ ခိုင်မြဲလာသလို ခေတ်ကာလ၏တန်ဖိုးမှာလည်းစဉ်ဆက်မပြတ် ပေါ်လွင်လာကြောင်း သမ္မတရှိကျင့်ဖျန်ကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ နေရပ်ဌာနေပြန်လည်တည်ဆောက်မှုကိုထောက်ခံအားပေးသွားလိုကြောင်း ၊မြန်မာနိုင်ငံ၏ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်း၊အချုပ်အခြာအာဏာလွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှု၊နိုင်ငံတော်တည်ငြိမ်မှု၊ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တည်ငြိမ်သင့်လျော်စွာ ဖော်ဆောင်မှုအား တရုတ်နိုင်ငံက ထောက်ခံအားပေးသည်ဟုဆိုသည်။  

နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကိုနက်ရှိုင်းစွာ ဖော်ဆောင်၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏အဓိကစီမံကိန်းများတည်ဆောက်မှုအား စဉ်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း၄င်းကထပ်လောင်းပြောဆိုခဲ့သည်။

နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့်နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ကာကွယ်၍ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများအားကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟုဆင်ဟွာ၏ဖော်ပြချက်အရသိရသည်။

(Source/Xinhua)

#တရုတ်#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.