Preview

၃၉ နှစ်ကြာ စစ်ကောင်စီတပ်စွဲခဲ့သည့် ဖားအံခရိုင် တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို ကရင်တပ်များသိမ်းပိုက်

လူထက်နိုင် | မေ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :1034
ပြည်တွင်း သတင်း

(ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားကိုးဦး သေဆုံးခဲ့ပြီး ခလရ−၂၄ ဒုတပ်ရင်းမှူး ထွက်ပြေးလွတ်မြောက်)

လူထက်နိုင်၊ နိရဉ္ဇရာ၊ မေ ၁၅ /၂၀၂၅

နှစ်ပေါင်း ၃၉ နှစ်ကြာ စစ်ကောင်စီတပ်စွဲခဲ့သည့် ဖားအံခရိုင် တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို ကရင်တပ်များသိမ်းပိုက်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက ယနေ့ မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါစခန်းကို မေလ (၁၃) ရက်နေ့၊ ည ၇ နာရီတွင် တပ်မဟာ (၇)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(K.N.D.O)တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစခန်းသည် KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ)မြို့နယ်၊ ကာတဲကျေးရွာအနီးတွင်ရှိပြီး စစ်ကောင်စီ တပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁ တို့ အခြေစိုက်သည်ဟု သိရသည်။

“စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး(၁)ဉီးအပါအဝင် စစ်ကောင်စီတပ်သား (၉) ဦး သေဆုံးခဲ့ပြီး ခလရ−၂၄ ဒုတပ်ရင်းမှူးမှာမှု ထွက်ပြေးလွတ်မြောက်လျှက်ရှိပြီး မိမိတို့ တပ်များအနေဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သားများအား လိုက်လံ ဖမ်းဆီး လျှက်ရှိသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

blob
တညာကျိုး(တာလယ်) စခန်းကို ၁၉၈၆ ခုနှစ်တွင် မြန်မာစစ်တပ်က စတင်တည်ဆောက်ခဲ့ပြီး စတင်တည်ဆောက်သည့်အချိန်မှစ၍ အနီးဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါစခန်းအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အနီးအနားရှိကျေးရွာများအနေဖြင့် မူလအခြေအနေများအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ − တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းအား သိမ်းပိုက်ရရှိမှုမြင်ကွင်းများ။ (Photo – KNU)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.