Preview

ပဲခူးမင်္ဂလာဆောင်တစ်ခုကို  စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲ၍ သတို့သမီးနှင့်ကလေးငယ်များအပါအဝင် (၁၀)ဦးသေဆုံး

လူထက်နိုင် | မေ ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :843
ပြည်တွင်း သတင်း

နိရဉ္စရာ၊မေ ၂၅/၂၀၂၅

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကိုအကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်၍ သတို့သမီးနှင့်ကလေးငယ်များ အပါအဝင်အရပ်သား(၁၀)ဦးသေဆုံးပြီးအများအပြား ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မေလ ၂၅ရက်၊ နံနက်ပိုင်းက၎င်းကျေးရွာကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ  လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ထဲတွင်“ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးကာ သတို့သမီးနှင့်ကလေးငယ်များ အပါအဝင် (၁၀)ဦးမှာ နေရာတွင် သေဆုံးခဲ့ရပြီး ( ၂၀)ကျော်ခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း” ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်သည့်အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများ၊ လူစည်ကားရာနေရာများကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

#စစ်ဘေး#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.