Preview

စစ်ကိုင်းတွင် ပစ်ချခံလိုက်ရသည့် ဂျက်ဖိုက်တာ မီးလောင်ပျက်စီး

လူထက်နိုင် | ဇွန် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :704
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ ဇွန် ၁၀ /၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ထောင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ပစ်ချခြင်းကိုခံလိုက်ရသည့် ဂျက်ဖိုက်တာတစ်စီးသည် မီးလောင်ပျက်ကျပျက်စီးသွားခဲ့သည်ဟု သိရသည်။

အဆိုပါဂျက်ဖိုက်တာကို PLA က ယနေ့ ဇွန်လ ၁၀ ရက်၊ မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ချခဲ့ခြင်းဖြစ်သည်ဟု PLA က ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်သည်။

အဆိုပါဂျက်ဖိုက်တာသည် ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း ဘုန်းကြီးကျောင်းဝင်းသို့ ပျက်ကျမီးလောင်သွားခဲ့ပြီး လေယာဉ်အပိုင်းအစများနှင့် လူဦးခေါင်းခွံတစ်ခုကိုလည်း တွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

သို့သော် လေယာဉ်မှူးသေဆုံးခြင်းရှိ/မရှိဆိုသည်ကို စိစစ်နေဆဲဖြစ်သည်ဟု PLA က ထုတ်ပြန်ထားသည်။

PLA ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်နီနီက "လေယာဉ်မှူးသေဖို့ဖက်များတယ်။ အလောင်းတစ်လောင်းတော့တွေ့တယ်။ နောက်ဆက်တွဲ စစ်ဆေးနေပါတယ်" ဟု နိရဉ္စရာကိုပြောသည်။

blob

လေယာဉ်ပျက်ကျသွားပြီးနောက် မီးလောင်နေမှုမှာ ပြင်းထန်လျက်ရှိပြီး ပေါက်ကွဲမှုများလည်း ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီ၏ ဂျက်ဖိုက်တာသုံးစီး လာရောက်တိုက်ခိုက်စဉ် ယင်းအနက် တစ်စီးကို PLA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

PLA သည် ကန်ထောင့်ရဲစခန်းကို ဇွန် ၂ ရက်မှစတင် တိုက်ခိုက်နေခြင်းပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းမှ တောက်လျှောက်ပစ်ကူပေးနေသလို အင်မထီးရွာဘက်မှ လူအင်အား၊ ရိက္ခာ၊ ခဲယမ်းများ ဖြည့်တင်းနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စစ်ကောင်စီ၏ တိုက်ခိုက်နေမှုကြောင့် ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ - ပစ်ချခံရပြီးနောက် မီးလောင်ပျက်သွားသည့် ဂျက်ဖိုက်တာ၏အပိုင်းအစများအား တွေ့ရစဉ်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.