Preview

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်တပ်များ သိမ်းပိုက်

လူထက်နိုင် | ဇွန် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :760
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ ဇွန် ၁၀ /၂၀၂၅

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်စခန်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ အမိုနယ်စပ်(ခေါ်) ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းဖြစ်သည်။

အဆိုပါစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄) ဦးဆောင်မှုဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

blob

အဆိုပါတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါတပ်စခန်းကို ၁၉၉၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်အစိုးရက တည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ − သိမ်းပိုက်ရရှိသော အမိုနယ်စပ်(ခေါ်) ပွိုင့် ၂၅၆၆ စခန်းတွင် တွေ့ရသော KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.