Preview

ရန်ကုန်-ပြည်ကားလမ်းတွင်တိုက်ပွဲဖြစ်ပွားနေပြီးခရီးသွားကားထိမှန်ကာပြည်သူ၃ဦးသေဆုံး

လူထက်နိုင် | ဇွန် ၁၇/ ၂၀၂၅ | ကြည့်ရှုသူ :2665
ပြည်တွင်း သတင်း

(စစ်ကောင်စီဘက်မှအရှိတချို့သေဆုံးမှုရှိဟုသတင်းများထွက်ပေါ်)

 

နိရဥ္ဇရာ၊ဇွန်၁၇ /၂၀၂၅

 

ပဲခူးတိုင်းသာယာဝတီခရိုင်မင်းလှမြို့နယ်ရန်ကုန်-ပြည်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားတစ်စီးလက်နက်ကြီးထိမှန်ကာ ပြည်သူဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရန်ကုန်-ပြည်လမ်းပေါ်ရှိစစ်ကွင်းတာဆုံဂိတ်စခန်းတိုက်ခိုက်ခံရပြီးဇွန်၁၆ရက်နေ့နံနက်ပိုင်းကတည်းက ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်ကြောင်းသိရသည်။

 

တိုက်ပွဲဖြစ်ပွားနေချိန်ညနေနာရီခန့်တွင်ရန်ကုန်-ပြည်လမ်းပေါ်၌ပစ်ခတ်ခံရ၍သေဆုံးခဲ့သူများသည်ပေါင်းတည်မြို့မင်္ဂလာဆောင်မှရန်ကုန်မြို့သို့ပြန်လာသူများဖြစ်ကြောင်းသိရသည်။

 

ဒေသခံတစ်ဦးကခရီးသွားကားအပစ်ခံရတာတိုက်ပွဲဖြစ်နေတော့ဘယ်သူပစ်လည်းစုံးစမ်းလို့ မရသေးဘူး။စစ်တပ်ကပစ်တာလို့တော့တော်တော်များများက ပြောကြတယ်။ ဒီနေ့လည်းရန်ကုန်-ပြည်လမ်းပေါ်မှာပစ်ခတ်တာတွေရှိနေပါသေးတယ်ဟုသာယာဝတီမြို့ဒေသခံတစ်ဦးကပြောသည်

 

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့်ပြည်မြို့ဘက်ရှိမင်္ဂလာဆောင်မှပြန်လာသည့်ပြည်သူဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံတချို့မှပြောဆိုကြသည်။

 

ထို့အပြင်မင်းလှမြို့နယ်ထောက်ကြန့်အုပ်စု၊ဆင်အိုင်ချောင်းပေါက်ရွာအနီး၌လည်းစစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာတိုက်ပွဲဖြစ်ရာနေရာသို့စစ်တပ်အထိုင်ချထားသည့်တာကလေးရွာဘုန်းကြီးကျောင်းမှလက်နက်ကြီးပစ်ကူပေးနေကြောင်းလည်းသိရသည်။

 

ပဲခူးတိုင်းအတွင်းရှိရန်ကုန်-ပြည်လမ်းအပါအဝင်မင်းလှမြို့နယ်နေရာတချို့တွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဘက်မှအရာရှိတချို့အပါအဝင်စစ်သားသေဆုံးမှုရှိကြောင်းလည်းဒေသခံများထံမှသိရသည်။

 

တိုက်ပွဲအတွင်းဗိုလ်မှူးဇော်မျိုးဝင်းနှင့်နောက်ထပ်အရာရှိတစ်ဦးသေဆုံးသွားကြောင်းလည်းဒေသတွင်းသတင်းတချို့တွင်ဖော်ပြထားကြသည်။

လက်ရှိတွင်လည်းတိုက်ပွဲမှာလက်ရှိအချိန်ထိဖြစ်ပွားနေပြီးရန်ကုန်-ပြည်လမ်းဖြတ်သန်းခွင့်ယာယီ ပိတ်ထားသဖြင့်ခရီးသွားကားများနှင့်ကုန်ကားတချို့ပိတ်မိနေကြောင်းသိရသည်။

 

ကုန်ကားမောင်းသူဒရိုင်ဘာတစ်ဦးကပြည်သူယောက်သေတာဟုတ်တယ်ကားလမ်းတွေအခုပိတ်ထားတယ်။ စစ်တပ်ဖက်ကလည်းနည်းနည်း အကျအဆုံးရှိတယ်လို့ပြောတယ်။ ကားတွေဖြတ်တဲ့အချိန်မှာစစ်တပ်ဘက်ကပစ်မှာအဲ့ဒါကြောင့်မဖြတ်ရဲတော့ဘူးကားတွေပိတ်မိနေတယ်ဟုပြောသည်။

 

မင်းလှမြို့နယ်အပိုင်ရန်ကုန်-ပြည်လမ်းနှင့်ပဲခူးရိုးမအကြားလမ်းပိုင်းနေရာခုတွင်တော်လှန်ရေး အင်အားစုများနှင့်စစ်ကောင်စီတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာစစ်ကောင်စီမှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာကြောင်းသိရသည်။

 

ဓာတ်ပုံ- ပြည်ဒေသတွင်းသတင်းများ

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.